ဝက်စ်ဟမ်းနဲ့ပွဲမှာ ရရှိသင့်တဲ့ ပင်နယ်တီတွေမရခဲ့လို့ ပြောသွားခဲ့တာပါ။

တိုက်စစ်မှူးရော်နယ်ဒို ပြစ်ဒဏ်ကျူးလွန်ခံရမှုတွေမှာ ပင်နယ်တီရရှိသင့်တဲ့အနေအထားတွေရှိခဲေ့ပမယ့် ကွင်းလယ်ဒိုင်မာတက်အက်ကင်ဆန်က မျက်ကွယ်ပြုခဲ့တာလို့ ဆိုးလ်ရှားက ယုံကြည်နေပါတယ်။


ဝက်စ်ဟမ်းကို အဝေးကွင်းမှာ ပြဇာတ်ဆန်ဆန်နို်င်ပွဲရရှိခဲ့ပြီးနောက် ယူနိုက်တက်နည်းပြဆိုးလ်ရှားက သူ့အသင်းရရှိခဲ့သင့်တဲ့ ပင်နယ်တီတွေ မရရှိခဲ့တဲ့အပေါ်မှာ ဝေဖန်ပြစ်တင်မှုတွေပြုလုပ်သွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ တိုက်စစ်မှူးရော်နယ်ဒို ပြစ်ဒဏ်ကျူးလွန်ခံရမှုတွေမှာ ပင်နယ်တီရရှိသင့်တဲ့အနေအထားတွေရှိခဲေ့ပမယ့် ကွင်းလယ်ဒိုင်မာတက်အက်ကင်ဆန်က မျက်ကွယ်ပြုခဲ့တာလို့ ဆိုးလ်ရှားက ယုံကြည်နေပါတယ်။


ပွဲပြီးခါနီးမှာတော့ လုခ်ရှောလက်နဲ့ထိလို့ ဝက်စ်ဟမ်းတို့ပင်နယ်တီရရှိခဲ့ပြီး မာ့ခ်နိုဘယ်က လူစားဝင်ကာ ကန်သွင်းယူခဲ့ပေမယ့် ဒီဂီယာကာကွယ်နိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့အဖိုးတန်နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုကလည်း သူပြစ်ဒဏ်ကျူးလွန်ခံခဲ့ရပေမယ့် ပင်နယ်တီမရရှိခဲ့တဲ့အပေါ်မှာ တော်တော်လေးအံ့အားသင့်နေခဲ့ပြီး ဆိုးလ်ရှားက Sky Sports မှာ အခုလိုပဲပြောဆိုသွားခဲ့ပါတယ်။ 

"ကျွန်တော်တို့ ပင်နယ်တီရရှိခဲ့သင့်တဲ့ အနေအထား ၃ ခုမှာ ပထမဆုံးနဲ့ နောက်ဆုံးကတော့ ဘယ်လိုမှကို ငြင်းဖို့မလိုတဲ့ ပင်နယ်တီပါ၊ ရကိုရရမယ့် အနေအထားတွေလည်းဖြစ်ပါတယ်၊ အခုက ရော်နယ်ဒိုကိုဆိုရင် ဘယ်တော့မှ ပင်နယ်တီမပေးဘူးဆိုတာမျိုးတွေ မဖြစ်လာဖို့ကိုပဲ မျှော်လင့်ရတော့မလိုပါပဲ" လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ကြောင်း သိရပါတယ်။ 

ရော်နယ်ဒိုဟာ ဆွဲလှဲခံရမှု၊ ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်ခံရမှုတွေရှိခဲ့ပြီး သေချာပေါက်ပင်နယ်တီရရှိတော့မယ်လို့ ပရိသတ်တွေ ထင်ခဲ့ကြပေမယ့် ကွင်းလယ်ဒိုင်က ငြင်းဆန်ခဲ့ပါတယ်။ အဆိုပါပွဲမှာ ရော်နယ်ဒိုက အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့ပြီး သူ့ရဲ့အဖွင့်ပွဲ ၃ပွဲမှာ ၄ ဂိုးအထိ သွင်းယူပေးထားပြီး အကောင်းဆုံးခြေစွမ်းတွေကို ပြသနေခဲ့တာလည်းဖြစ်ပါတယ်။

Share

က္က