ရော်နယ်ဒိုက အာဆင်နယ်ကစားကွက်နဲ့မကိုက်ဘူးလို့ ပြောခဲ့တာပါ။

ပရီးမီးယားလိဂ်ရဲ့ဝါရင့်တိုက်စစ်မှူးဟောင်းကြီး ဒါရင်းဘန့်က ယူနိုက်တက်တိုက်စစ်မှူးကို ရော်နယ်ဒိုကို မခေါ်ယူဖို့အတွက် အာဆင်နယ်ကို တိုက်တွန်းပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်ကို တကျော့ပြန်ရောက်ရှိလာပြီးနောက် ပြိုင်ပွဲစုံသွင်းဂိုး (၂၄) ဂိုးနဲ့ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။



ဒါပေမယ့် ယူနိုက်တက်တို့ ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့ အနေအထားမှာ ရော်နယ်ဒိုက ယူနိုက်တက်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တခုရှိတာက ရော်နယ်ဒိုကို ခေါ်ယူလိုတဲ့အသင်းမရှိတာဖြစ်ပြီး ဘိုင်ယန်မြူးနစ်၊ ချဲလ်ဆီး၊ အက်သလက်တီကိုတို့က ရော်နယ်ဒိုနဲ့ သတင်းထွက်ခဲ့ပေမယ့် ခေါ်ယူဖို့အတွက် ငြင်းဆန်ခဲ့ပါတယ်။

နောက်ဆုံးသတင်းထွက်နေတဲ့ အက်သလက်တီကိုရဲ့ပရိသတ်တွေကလည်း ရော်နယ်ဒိုကို ခါးခါးသီးသီး ငြင်းဆန်နေကြပါသေးတယ်။ ဒီလိုအချိန်မျိုးမှာ ဒါရင်းဘန့်က အာဆင်နယ်အနေနဲ့ ရော်နယ်ဒိုကို မခေါ်ယူသင့်ကြောငး ပြောကြားလာခဲ့တာပါ။ ဒါရင်းဘန့်က “အာဆင်နယ်ရဲ့ ရှေ့ကို သွားနေတဲ့ ကစားဟန်၊ အာတီတာ လိုချင်တဲ့ ပုံစံတွေ၊ မြင့်မားတဲ့ခွန်အားတွေနဲ့ ပတ်သက်လာရင် ရော်နယ်ဒိုက အာဆင်နယ်နဲ့ ကိုက်ညီမှုမရှိပါဘူး”

“ကျနော်သာဆိုရင်လည်း ရော်နယ်ဒိုကို အာဆင်နယ်ဆီ ခေါ်ယူမှာမဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ အရင်းနှီးဆုံးမိတ်ဆွေ ပီယာ့စ်မော်ဂန်ကတော့ အာဆင်နယ်ပရိသတ်တယောက်ဖြစ်တာနဲ့အညီ ရော်နယ်ဒိုကို အာဆင်နယ်ရောက်လာစေချင်ကြောင်းဆိုခဲ့ဖူးပါတယ်။

ယူနိုက်တက်ကတော့ ရော်နယ်ဒိုကို ပရီးမီးယားလိဂ်ပြိုင်ဘက်တွေထံ ရောင်းချလိုခြင်းမရှိပါဘူး။ ဒါ့အပြင် ချဲလ်ဆီးနဲ့ဖြစ်ရပ်မှာလည်း အသင်းပိုင်ရှင် တော့ဒ်ဘိုလီက သူ့ရဲ့ပုံရိပ်မြင့်မားလာဖို့ ရော်နယ်ဒိုကို ခေါ်ယူချင်ပေမယ့် နည်းပြတူဟယ်လ်က သူ့ကစားပုံနဲ့ မကိုက်ညီတာကြောင့် ရော်နယ်ဒိုကို ခေါ်ယူဖို့ဆန္ဒမရှိခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ 

Share

Loading Next Article...
က္က