ဆက်တိုက်ဆိုသလိုပဲ ထုတ်ပယ်ခံခဲ့ရတာပါ။

လေးရာသီဆက်တိုက် ရော်နယ်ဒိုကို ကိုင်တွယ်ခဲ့ကြတဲ့ နည်းပြတွေဟာ ထုတ်ပယ်ခံရတာ ဒါမှမဟုတ် ရာထူးကနေ ထွက်ခွာမှုတွေရှိနေပြီဖြစ်ပါတယ်။ ပေါ်တူဂီကြယ်ပွင့်ကစားသမားဟာ ဒီရာသီမှာမှ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသက် ၃၆ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် အကောင်းဆုံးအနေအထားမှာရှိနေသေးကာ ယူနိုက်တက်အတွက် သွင်းဂိုးအများဆုံးကစားသမားအဖြစ်နဲ့ပါ ရပ်တည်နေပါတယ်။ 

ဒါပေမယ့်လည်း ပြီးခဲ့တဲ့နှစ်တွေမှာ ရော်နယ်ဒိုနဲ့ လက်တွဲခဲ့တဲ့ နည်းပြတွေကတော့ ကံဆိုးမှုတွေနဲ့သာရင်ဆိုင်နေခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့တဲ့နောက် ရော်နယ်ဒိုဟာ နည်းပြအဖြစ် အယ်လီဂရီနဲ့ တွေ့ဆုံခဲ့ပါတယ်။ အယ်လီဂရီက သူ့ကို ဦးစားပေးတိုက်စစ်မှူးအဖြစ် အသုံးပြုနေခဲ့ပြီး ကစားသမားကလည်း ၂၈ ဂိုးအထိ သွင်းယူပေးခဲ့ကာ အမှတ်ပေးဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ 

အဲဒီရာသီအပြီးမှာ အယ်လီဂရီထုတ်ပယ်ခံလိုက်ရပြီး ဂျူဗီနည်းပြသစ်အဖြစ် ဆာရီဖြစ်လာခဲ့ပါတယ်။ ချယ်လ်ဆီးကနေ ရောက်ရှိလာတဲ့ ဆာရီကလည်း ရော်နယ်ဒိုကို ဦးစားပေးအသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးကြားမှာ လူစားလဲလှယ်မှုပြသနာတွေရှိနေခဲ့ပြီး စကားများမှုတွေရှိခဲ့ပါတယ်။ ဆာရီလက်အောက်မှာလည်း ရော်နယ်ဒိုက ဂိုးတွေသွင်းယူပြနိုင်ခဲ့ပြီး အသင်းနဲ့အတူ အမှတ်ပေးဖလားရရှိခဲ့ပေမယ့် ရာသီကုန်မှာ ဆာရီကို ချန်ပီယံလိဂ်အောင်မြင်မှုမရခဲ့တဲ့ အကြောင်းပြချက်နဲ့ ထုတ်ပယ်လိုက်ပါတယ်။ 

ဒီတစ်ကြိမ်မှာ ဂျူဗီကစားသမားဟောင်းပီယာလိုက နည်းပြအဖြစ်နဲ့ ထပ်ရောက်လာပါတယ်။ ဒီတစ်ကြိမ်ကတော့ ဂျူဗီရဲ့ အဆိုးရွားဆုံးဘောလုံးရာသီလို့ဆိုရမှာဖြစ်ပြီး အမှတ်ပေးဖလားကို လက်လွှတ်ခဲ့ရပါတယ်။ ရော်နယ်ဒိုနဲ့အဆင်ပြေခဲ့ပေမယ့်လည်း ဆက်တိုက်ဆိုသလိုရယူနိုင်ခဲ့တဲ့ အမှတ်ပေးဖလားကို ဆုံးရှုံးခဲ့လို့ ပီယာလိုလည်း ထုတ်ပယ်ခံခဲ့ရပါတော့တယ်။
 


ဒီရာသီမှာတော့ သူက ယူနိုက်တက်ကို ရောက်ရှိလာခဲ့ပါတယ်။ သူ ရောက်လာချိန်မှာတော့ အားလုံးကမျှော်လင့်ချက်တွေနဲ့ တောက်ပခဲ့ပေမယ့်လည်း ယူနိုက်တက်ရဲ့ လက်ရှိရလဒ်တွေကအားလုံးသိတဲ့အတိုင်းဖြစ်ပေါ်လာခဲ့ပြီး အဆုံးသတ်မှာနည်းပြဆိုးလ်ရှားပါ ထုတ်ပယ်ခံလိုက်ရပါတော့တယ်။ ဒါဟာ ၄ ရာသီဆက်တိုက် ရော်နယ်ဒိုကို ကိုင်တွယ်ခဲ့တဲ့ နည်းပြတွေ ထုတ်ပယ်ခံရမှုလည်းဖြစ်လာခဲ့တာပါ။ 

Share

Loading Next Article...
က္က