အီဒါကို ရော်နယ်ဒိုက ဦးစားပေးခဲ့တာပါ။

ပြင်သစ်မြေမှာ ကျင်းပခဲ့တဲ့ ယူရို- ၂၀၁၆ ပြိုင်ပွဲမှာ ပေါ်တူဂီတို့ အံ့အားသင့်ဖွယ် ဗိုလ်စွဲခဲ့ပြီး ရော်နယ်ဒိုအတွက်လည်း ပေါ်တူဂီနဲ့အတူ ပထမဆုံးနိုင်ငံတကာဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ယူရို- ၂၀၁၆ ဗိုလ်လုပွဲမှာ ပေါ်တူဂီက အိမ်ရှင်ပြင်သစ်ကို တိုက်စစ်မှူးအီဒါရဲ့ အချိန်ပိုသွင်းဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။



ဒီပွဲရဲ့ ပထမပိုင်းမှာ ပါယက်ရဲ့ ဖျက်ထုတ်မှုကြောင့် ရော်နယ်ဒို စောစောစီးစီး ဒူးဒဏ်ရာရရှိကာ လူစားလဲခဲ့ရပါတယ်။ ရော်နယ်ဒိုဟာ ကွင်းအတွင်းကနေ မျက်ရည်တွေနဲ့ ထွက်ခွာသွားခဲ့ပေမယ့် အသင်းအတွက် အရေးကြီးတဲ့အချိန် ရောက်လာချိန်မှာတော့ ကွင်းဘေးကနေ နည်းပြ ဖာနန်ဒိုဆန်းတို့စ်နဲ့အပြိုင် ကစားသမားတွေကို ညွှန်ကြားပေးခဲ့ပါတယ်။

အဲ့ဒီနောက် အချိန်ပိုမှာ အီဒါက ဧရိယာအပြင်ကနေ ကန်သွင်းပြီး ပေါ်တူဂီကို ဗိုလ်စွဲစေခဲ့ပါတယ်။ ဒီပွဲမှာ ရော်နယ်ဒိုရဲ့ ကွင်းဘေးကနေ ညွှန်ကြားမှုတွေ၊ ပွဲအပြီး မျက်ရည်တွေနဲ့ အောင်ပွဲခံပုံရိပ်တွေက မီဒီယာတွေအကြား ဟိုးလေးတကျော်ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုက ပေါ်တူဂီမြေကို ပြန်ရောက်ချိန်မှာ အနိုင်ဂိုးရှင် အီဒါကိုလည်း ဂုဏ်အယူရဆုံး အခိုက်အတန့်ကို ပိုင်ဆိုင်ရအောင် လုပ်ဆောင်ပေးခဲ့ပါသေးတယ်။

ဒီအကြောင်းကို အီဒါက “ဗိုလ်လုပွဲမှာ အနိုင်ဂိုးသွင်းနိုင်ခဲ့တာက ကျနော့်အတွက် ကြီးမားတဲ့ အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဂုဏ်အယူရဆုံးကတော့ ကျနော်တို့ ပေါ်တူဂီလက်ရွေးစင်အသင်း ပေါ်တူဂီမြေကို ပြန်ရောက်ချိန်မှာဖြစ်ခဲ့ပါတယ်”

“ကျနော့်ကို ရော်နယ်ဒိုက အသင်းကိုဦးဆောင်စေခဲ့ပြီး ပရိသတ်တွေဆီ ယူရိုချန်ပီယံဆုဖလားကြီးကို အပ်နှံစေခဲ့တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ပေါ်တူဂီဟာ ယူရိုမှာ ချန်ပီယံဖြစ်ခဲ့ပြီးနောက် ယူရိုနေးရှင်းလိဂ် ချန်ပီယံဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ 

Share

က္က