ဗီနီရှပ်စ်အတွက်ဂိုးကို အကောင်းဆုံးဖန်တီးပေးသွားခဲ့တာပါ။

ဒီရာသီ ရီးရဲလ်မက်ဒရစ်အတွက် ဘန်ဇီမာရဲ့ စွမ်းဆောင်ရည်ကတော့ ပရိသတ်တွေအတွက် မှတ်ကျောက်တင်လောက်စရာပါပဲ။ အဆိုပါပြင်သစ်လက်ရွေးစင် တိုက်စစ်မှူးဟာ ချန်ပီယံလိဂ်မှာရော၊ လာလီဂါမှာပါ ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲမရွေး၊ ကွင်းမရွေး ဂိုးသွင်းခြေစွမ်းပြနေပါတယ်။



ဒီရာသီမှာ ဝင်ကစားတဲ့ပွဲတိုင်း ဂိုးသွင်းထားသလားမှတ်ရအောင်ကို တပွဲတဂိုးနှုန်းနီးပါးရှိနေတဲ့ ဘန်ဇီမာက မနေ့ညက လီဗန်တေးကို (၆) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း ဂိုးလည်းသွင်း၊ ဂိုးဖန်တီးမှုလည်းပြုလုပ်ရင်း အသင်းအတွက် ခြေစွမ်းပြခဲ့ပြန်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါ အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးထားပြီးတဲ့ အသင်းတသင်းပါ။

ဒါပေမယ့် တန်းမဆင်းရရေးရုန်းကန်နေရတဲ့ လီဗန်တေးကိုတော့ အိမ်ကွင်းမှာ အင်ပြည့်အားပြည့် ကစားပြီး တန်းဆင်းစေခဲ့ပါတယ်။ ဒီပွဲမှာ ဘန်ဇီမာက ပွဲထွက်ခဲ့သလို တဂိုးသွင်း၊ တဂိုးဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ သူ သွင်းယူပေးခဲ့တဲ့ ဂိုးက သူ့ရဲ့ ရီးရဲလ်မက်ဒရစ်ကစားဘဝမှာ (၃၂၃) ဂိုးမြောက်ဖြစ်လာပြီး အသင်းသမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာလည်း ဒုတိယနေရာကို ရောက်ရှိလာခဲ့ပါတယ်။

ဒီပွဲမှာပြောစရာဖြစ်ခဲ့တာက ဘန်ဇီမာကိုယ်တိုင်သွင်းတဲ့ဂိုးမဟုတ်ဘဲ ဗီနီရှပ်စ်ဟက်ထရစ်ရဖို့ ဖန်တီးပေးခဲ့တဲ့ ဂိုးပဲဖြစ်ပါတယ်။ ဒီဂိုးမှာ ဘန်ဇီမာတယောက် ဘရာဇီးဂန္တဝင်ကြီး ရော်နယ်ဒိုဝင်စားသလား အောက်မေ့ရအောင်ဖြစ်ခဲ့တယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးနေပါတယ်။ မိုဒရစ်ခင်းပေးလိုက်တဲ့ ဘောလုံးကို ဘန်ဇီမာက လွတ်လွတ်ကျွတ်ကျွတ်ရရှိခဲ့ပါတယ်။

အဲ့ဒီနောက် ဂိုးသမားကိုပါ လိမ်ခေါက်ပြီး ဗီနီရှပ်စ်အတွက် ဖန်တီးပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီဂိုးကြောင့်ပဲ ဗီနီရှပ်စ်တယောက် ဟက်ထရစ်ရရှိခဲ့ပါတယ်။ ပရိသတ်တွေက ဗီနီရှပ်စ် ဟက်ထရစ်ရရှိခဲ့တာကို ချီးကျူးနေကြသလို ဘန်ဇီမာရဲ့ အခုဖန်တီးမှုကိုလည်း ချီးကျူးစကားဆိုနေကြပါတယ်။



ဘန်ဇီမာတယောက် ဘရာဇီးဂန္တဝင်ကြီး ရော်နယ်ဒိုလိုမျိုး ဂိုးသမားကို လိမ်ခေါက်ပြီးခါမှ ဗီနီရှပ်စ် ဟက်ထရစ်ရဖို့ ခင်ပေးခဲ့တယ်လို့ ချီးကျူးနေကြပါတယ်။ ဒါပေမယ့် ဒီဂိုးမှာ ဘန်ဇီမာ ကန်ခွင့်မသာတော့ဘဲ ခင်းပေးလိုက်တာကသာ အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ ဘရာဇီးဂန္တဝင် ရော်နယ်ဒိုကြီးဟာ သူ့ရဲ့ ကစားသမားဘဝမှာ ဂိုးသမားကိုလိမ်ခေါက်ပြီး (၈၈) ဂိုး သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က