ရော်နယ်ဒိုကို ချီးကျူးခဲ့တာပါ။

ဂျူဗင်တပ်စ်အသင်းမှာ ရော်နယ်ဒိုကို နည်းပြအဖြစ်နဲ့ ကိုင်တွယ်ဖူးတဲ့ အီတလီနာမည်ကျော်ကွင်းလယ်လူဟောင်း အန်ဒရီပီယာလိုက ပေါ်တူဂီသားဟာ ကမ္ဘာ့နံပါတ်တစ်ဘောလုံးသမား ဘာလို့ဖြစ်ခဲ့တာလဲဆိုတာကို လေ့ကျင့်ရေးကွင်းမှာ ပြသခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ သူတို့နှစ်ဦးဟာ ဂျူဗီမှာ လက်တွဲခဲ့ဖူးကြပြီး ကိုပါအီတာလီယာဖလားကို ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။ 

ပီယာလိုရဲ့ ကစားသမားဘ၀မှာလည်း ရော်နယ်ဒိုနဲ့ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ခဲ့ဖူးပါတယ်။ ကိုယ်တိုင်ကလည်း နာမည်ကျော်ကစားသမားဖြစ်ခဲ့တဲ့ ပီယာလိုဟာ ရော်နယ်ဒိုကို လေ့ကျင့်ရေးကွင်းမှာ နည်းပြတဦးအနေနဲ့ စောင့်ကြည့်လေ့လာခဲ့ချိန်မှာတော့ ပေါ်တူဂီသားရဲ့ အရည်အသွေးကို သတိထားမိခဲ့တာဖြစ်ပါတယ်။ 

"ကမ္ဘာ့နံပါတ်တစ်ကစားသမားဖြစ်လာဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကို နားလည်လာအောင် လေ့ကျင့်ရေးကွင်းမှာ ရော်နယ်ဒိုက ခင်ဗျားကို ကူညီလိမ့်မယ်၊ သူက အရာရာတိုင်းမှာ ပြီးပြည့်စုံတဲ့ ပရော်ဖက်ရှင်နယ်တဦးပါ၊ စားသောက်မှုကနေစတင်ပြီး ပြန်လည်ကုစားမှုတွေလုပ်တဲ့အဆုံးမှာ ပရိုပီသလွန်းပါတယ်" လို့ ပြောဆိုခဲ့တာပါ။ 

ရော်နယ်ဒိုကတော့ လက်ရှိမှာ အယ်လ်နာဆာအတွက် ကစားပေးနေပြီး ပီယာလိုကတော့ ဆမ်ဒိုးရီးယားနည်းပြအဖြစ် တာဝန်ယူနေတာဖြစ်ပါတယ်။ စီးရီးဘီမှာကစားနေတဲ့ ဆမ်ဒိုးရီးယားကို မကိုင်တွယ်ခင်မှာ သူက တူရကီကလပ်ကာရာဂူရက်ခ်အတွက် တနှစ်နီးပါးကြာ နည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။ 

Share

Loading Next Article...
က္က