ဒီနေ့ညနေမှာ ကစားရတော့မှာပါ။

အသက် ၂၃ နှစ်အရွယ် နောက်ခံလူက သူဟာ ရီယိုဖာဒီနန်ဆီက အကြံပြုစကားတွေရရှိခဲ့ပြီး နည်းပြဘင်နီတက်ဇ်ဆီက သင်ယူမှုတွေလည်းပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ 


ဒီနေ့ညနေမှာ မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားပြီးဖြစ်တယ်လို့ အဲဗာတန်ကစားသမား ဂေါ့ဖရေးက ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုကို ဘာမှလုပ်မရအောင် စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင်လည်း ဒါဟာ ယူနိုက်တက်ဂန္ထဝင်နောက်ခံလူဟောင်းတစ်ဦးရဲ့ သူ့အပေါ်လွှမ်းမိုးမှုတွေကြောင့် ဖြစ်မယ်လို့လည်း ဂေါ့ဖရေးက ပြောဆိုခဲ့ကာ လာမယ့်ပွဲအတွက် ပွဲကြိုစကားသံတွေကို ဖွင့်ဟခဲ့ပါတယ်။ 



ရော်နယ်ဒိုကတော့ ယူနိုက်တက်အတွက် ၅ ပွဲကစားအပြီးမှာ ၅ ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပါတယ်။ အခွင့်အရေးရတိုင်းမှာ ဂိုးအဖြစ်ပြောင်းလဲပေးနေတာဖြစ်ပြီး အဲဗာတန်နောက်ခံလူဂေါ့ဖရေးကတော့ ပေါ်တူဂီသားကို ထိန်းချုပ်ဖို့ ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၂၃ နှစ်အရွယ် နောက်ခံလူက သူဟာ ရီယိုဖာဒီနန်ဆီက အကြံပြုစကားတွေရရှိခဲ့ပြီး နည်းပြဘင်နီတက်ဇ်ဆီက သင်ယူမှုတွေလည်းပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ 


"ဖာဒီနန်က မယုံကြည်နိုင်လောက်တဲ့ ကစားသမားဘဝကို ဖြတ်သန်းခဲ့ပြီး ဗဟိုခံစစ်မှူးတစ်ဦးဆီက သင်ယူမယ်ဆိုရင် သူ့လောက်ကောင်းတဲ့သူ မရှိတော့ပါဘူး၊ သူနဲ့ကျွန်တော်အမြဲတမ်းအဆက်အသွယ်ရှိပါတယ်၊ ကျွန်တော်ကစားပုံတွေကို သူ ကြည့်လေ့ရှိတယ်လို့လည်း ပြောပြီး သူနဲ့ဆက်ဆံခွင့်ရလို့ တကယ်ကံကောင်းပါတယ်" လို့ ဂေါ့ဖရေးက ဆိုပါတယ်။ ဂေါ့ဖရေးဟာ ဒီရာသီအစောပိုင်းပွဲတွေကို ကိုဗစ်ကူးစက်ခံရလို့ လွဲချော်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုနဲ့ ရင်ဆိုင်ရမယ့်အပေါ်မှာ စိုးရိမ်မှုမရှိဘူးလို့လည်း ဖွင့်ဟခဲ့ပါတယ်။ 


"သူက ပွဲရဲ့ နာမည်ကြိးကစားသမားပါ၊ ကျွန်တော်ကလေးဘဝကတည်းက သူကစားတာကို ကြည့်လာခဲ့တာဖြစ်ပါတယ်၊ တကယ်လို့ သူ့ကိုရပ်တန့်နိုင်မယ်ဆိုရင် ဒီပွဲက ကျွန်တော်တို့အတွက်ဖြစ်လာမှာပါ၊ ဒါပေမယ့်လည်း ကျွန်တော်တို့ ကိုယ်လိုချင်တာကို ရအောင်လုပ်ရဦးမှာပါ၊ ကစားသမားကောင်း၊ အသင်းကောင်းနဲ့ ယှဉ်ပြိုင်ရတာမျိုးက ကောင်းမွန်ပါတယ်၊ ရော်နယ်ဒို ဒီကိုပြန်ရောက်လာတာ အရမ်းကောင်းပါတယ်၊ အသင်းဖော်တွေအကုန်လုံးလည်း သူနဲ့ရင်ဆိုင်ချင်နေပါတယ်"

"သူ့ကိုထိန်းချုပ်နိုင်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်၊ တနေ့တာရဲ့အဆုံးမှာ လုပ်ရမယ့်အလုပ်တစ်ခုက အဲဒါပါပဲ၊ သူ့ကိုငြိမ်သက်သွားအောင်လုပ်ပြီး ကျွန်တော်တို့ ၃ မှတ်ရယူသွားပါမယ်' လို့ ဂေါ့ဖရေးက ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

Share

က္က