ကစားသမားတိုင်းက ပိုက်ဆံအတွက် ကစားနေတာလို့လည်း ဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်မှာ အငှားနဲ့ ခဏတာ လာရောက်ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူးဟောင်း အီဂါလိုက ခရစ္စတီယာနိုရော်နယ်ဒိုဟာလည်း ပိုက်ဆံကြောင့် ဆော်ဒီမှာ လာကစားတာလို့ ပြောဆိုလိုက်ပါတယ်။ ဆော်ဒီကလပ် အယ်လ်ဟီလယ်မှာ ကစားခဲ့တဲ့ အီဂါလိုဟာ လက်ရှိမှာတော့ အသင်းလက်မဲ့ဖြစ်နေပြီး ဘယ်မှာ ကစားမလဲဆိုတာကို မသိရသေးပါဘူး။ 

ဆော်ဒီလိဂ်ကို နာမည်ကျော်ကစားသမားအများအပြား ခြေချလာမှုနဲ့ပတ်သက်ပြီး အီဂါလိုက ပြောဆိုခဲ့ရာမှာတော့ အားလုံးက ငွေကြေးအတွက်ကစားနေတာလို့ သူက ပွင့်ပွင့်လင်းလင်းပြောခဲ့တာပါ။ အီဂါလိုရဲ့ ပြောဆိုမှုအပေါ်မှာ ပရိသတ်အများအပြားက သဘောကျနေကြပြီး စီကာပိတ်ကုံးဆိုမနေဘဲ အမှန်တရားကို​ပြောဆိုခဲ့တာလို့ ဆိုနေကြပါတယ်။ 

သူက "ရော်နယ်ဒိုက ကျနော့်ကစားသမားဘ၀တလျှောက်လုံးရရှိခဲ့တဲ့ ဝင်ငွေထက် အဆ ၁၀၀ လောက်တောင်မှ ပိုရခဲ့တဲ့သူပါ၊ ဒါတောင်မှ သူ ဆော်ဒီကို ပြောင်းရွှေ့လာခဲ့ပါသေးတယ်၊ သူက ဝါသနာ၊ စိတ်အားထက်သန်မှုကြောင့်လားဆိုရင်တော့ မဟုတ်ဘူးဗျ၊ အဲဒါ ပိုက်ဆံအတွက်ပဲ ညီအကို" လို့ OmaSportsTV ကို ပြောဆိုခဲ့တာပါ။ 

ရော်နယ်ဒိုဟာ အယ်လ်နာဆာမှာ တရာသီအတွက် လုပ်ခလစာ ယူရိုသန်း ၂၀၀ လောက်အထိ ရတယ်လို့ ယူဆရပါတယ်။ ပြီးခဲ့တဲ့ရာသီဝက်ကာလမှာ မန်ချက်စတာယူနိုက်တက်နဲ့ နှစ်ဦးသဘောတူလမ်းခွဲခဲ့ပြီးနောက် သူက ဆော်ဒီကို အံ့အားသင့်ဖွယ်ရာ ပြောင်းရွှေ့ခဲ့တာလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က