ဂါနာချိုကတော့ ပွဲမခံရမနေနိုင်ကို ဖြစ်နေခဲ့တာပါ။

ယူနိုက်တက်လူငယ်အသင်းရဲ့ ကစားသမားလေး ဂါနာချိုဟာ မနေ့က လူငယ်အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ဂိုးသွင်းပြီးနောက် ရော်နယ်ဒိုလိုမျိုး အောင်ပွဲခံပြခဲ့ပြန်ပါတယ်။ ယူနိုက်တက်က နော်တင်ဟမ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့တဲ့ ပွဲမှာ ဂါနာချိုက အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးနှစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။



အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ဒီပွဲကို ပရိသတ်ပေါင်း (၆၇,၄၉၂) ယောက် လာရောက်ကြည့်ရှုခဲ့ပါတယ်။ ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို ဘန်နက်က သွင်းယူပေးခဲ့ပေမယ့် ယူနိုက်တက်ဂိုးသမားရဲ့ အမှားကတဆင့်ုခဲ့ပြီး ဂါနာချိုကတော့ အခုလိုမျိုးပ်ကို ၃-၁ င့် အတမျက်တဆင့် မြင့်စေမ ချေပဂိုးပြန်လည်ခွင့်ပြုခဲ့ရပါတယ်။ ဒါပေမယ့် ယူနိုက်တက်တို့ ပင်နယ်တီရရှိခဲ့ပြီး ဒီပင်နယ်တီကို ဂါနာချိုက အမှားအယွင်းမရှိ ကန်သွင်းယူပေးခဲ့ပါတယ်။

ဂါနာချိုဟာ ပင်နယ်တီကန်သွင်းပြီးတဲ့နောက် အိုးထရက်ဖို့ဒ်ကွင်းထဲ လာရောက်အားပေးတဲ့ ပရိသတ်တွေကို ရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန်ဖြစ်တဲ့ “Siu” နဲ့ အောင်ပွဲခံပြခဲ့ပါတယ်။ ဒါဟာ ဂါနာချိုတယောက် အာဂျင်တီးနားတနိုင်ငံလုံးကို ပျားအုံတုတ်နဲ့ထိုးသလို လုပ်လိုက်တာပဲလို့ ပရိသတ်တွေက မှတ်ချက်ပြုနေကြပါတယ်။ ဂါနာချိုဟာ အသင်းအတွက် ပွဲသိမ်းအနိုင်ဂိုးကိုလည်း သွင်းယူပေးပြီး ဆုဖလားနဲ့ အောင်ပွဲခံခဲ့ပါတယ်။

နော့ဝစ်ချ်ကို ရော်နယ်ဒိုရဲ့ ဟက်ထရစ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ရော်နယ်ဒိုက ဟက်ထရစ်ရတဲ့ဘောလုံးကို ဂါနာချိုအတွက် လက်ဆောင်ပေးခဲ့ပါတယ်။ ဒီလိုမျိုး ရော်နယ်ဒိုက လက်ဆောင်ပေးနေတဲ့ပုံကို ဂါနာချိုက သူ့ရဲ့ အင်စတာဂရမ်မှာတင်ထားပါတယ်။

အဲ့ဒီနောက် ထာဝရအကောင်းဆုံးကစားသမားလို့ ရေးသားချီးကျူးခဲ့တာကြောင့် အဂွေရိုအပါအဝင် အာဂျင်တီးနားတနိုင်ငံလုံးရဲ့ အပြောအဆိုကို ဂါနာချိုတယောက် ခံစားနေရတာပါ။

ဒါပေမယ့်လည်း ဂါနာချိုကတော့ ဂရုမစိုက်ဘဲ အဂွေရိုရဲ့ ကောမန့်ကို Pin ဖြုတ်ပြီး ရော်နယ်ဒိုရဲ့ကောမန့်ကိုသာ Pin ချည်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ရော်နယ်ဒိုနဲ့ပုံကို ပရိုဖိုင်ပုံပြောင်းလဲခဲ့ပြီး အခုတခါမှာလည်း ရော်နယ်ဒိုလို အောင်ပွဲခံ၊ အဲ့ဒီနောက် သူ့ရဲ့ စတိုရီမှာ ရော်နယ်ဒိုကို Tag တွဲပြီး တင်ထားခဲ့ပြန်တယ်လို့ သိရှိရပါတယ်။

Share

Loading Next Article...
က္က