ကာရေဂါက နဗီးလ်ကို လှောင်ပြောင်နေခဲ့တာပါ။

မနေ့က ရော်နယ်ဒို ယူနိုက်တက်ကနေ ထွက်ခွာခွင့်တောင်းလိုက်တဲ့သတင်းက ဘောလုံးလောကကို တော်တော်လေး လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို အံ့အားသင့်ဖွယ် ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒါဟာ အသင်းကိုချစ်တဲ့စိတ်ကြောင့်လို့ဆိုကြပါတယ်။



ရော်နယ်ဒိုဟာ ယူနိုက်တက်ကိုမရောက်ခင် မန်စီးတီးနဲ့သတင်းထွက်ခဲ့ပြီး နောက်ဆုံးမှာတော့ ယူနိုက်တက်ဘက်တော်သားတွေရဲ့စည်းရုံးမှုနဲ့အတူ မြို့ခံပြိုင်ဘက်ကို ငြင်းဆန်ပယ်ချကာ ယူနိုက်တက်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ယူနိုက်တက်က ကျရှုံးခဲ့ပြီး ရော်နယ်ဒိုအနေနဲ့ အသင်းမှာဆက်နေရင်လည်း ယူရိုပါလိဂ်သာ ကစားရမှာပါ။

ဒါ့အပြင် လက်ရှိအသင်းရဲ့နွေရာသီအပြောင်းအရွှေ့စျေးကွက်လှုပ်ရှားမှုက အားရစရာမရှိတာကြောင့် ရော်နယ်ဒိုက သူ့အတွက် သင့်တော်တဲ့ကမ်းလှမ်းမှုရရင် ရောင်းထုတ်ပေးဖို့ အသင်းထံ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒီလိုသတင်းထွက်ပြီး အချိန်မဆိုင်းဘဲ လီဗာပူးဂန္တဝင် ကာရေဂါက ယူနိုက်တက်နဲ့ရော်နယ်ဒိုကို အခုလိုပဲ လှောင်ပြောင်လာပါတယ်။

“ရော်နယ်ဒိုက ကျနော်တွေးထားသလိုပဲ အတိအကျ လုပ်လာခဲ့တာပါ။ သူက ဂိုးတော့သွင်းတယ်၊ ဒါပေမယ့် အသင်းကို အခြေအနေပိုမိုဆိုးရွားစေခဲ့ပါတယ်။ အခု သူအသင်းကနေ ထွက်ခွင့်တောင်းလိုက်တာက ယူနိုက်တက်ကို ချစ်တဲ့စိတ်နဲ့ မန်စီးတီးကိုငြင်းလိုက်တယ်ဆိုတဲ့ အတွေးအခေါ်သမားတွေကိုပါ သတ်ပစ်လိုက်တာပါပဲ” လို့ ကာရေဂါက သူ့ရဲ့တွစ်တာမှာ လှောင်ပြောင်ရေးသားခဲ့ပါတယ်။

ဒီအပေါ်မှာ ကာရေဂါရဲ့ မဟာပြိုင်ဘက် ဂယ်ရီနဗီးလ်ကလည်း “မင်း ကိုယ့်လေနဲ့ကိုယ်ပိနေတာ ငါသိပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုက ယူနိုက်တက်အတွက် မန်စီးတီးကို ပယ်ချနိုင်တာပဲလေ။ ဘာလို့လဲဆိုတော့ သူက မန်စီးတီးကို ပိုကြိုက်ပြီး အခုနွေရာသီမှာ အဲ့ဒါကြောင့်လည်း ထွက်ချင်တာနေမှာပေါ့။ အရင်ကလည်း ရော်နယ်ဒို ယူနိုက်တက်ကနေ ထွက်သွားပြီး အသင်းကို ချစ်မြတ်နိုးဆဲပါပဲ။ မင်းရဲ့ စနေညက ပျော်ရွှင်ပြီး အောင်မြင်ပါစေကွာ” လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ကာရေဂါကတော့ ဂယ်ရီနဗီးလ်ရဲ့အရှိုက်ကို ထိုးနှက်လိုက်ရတယ်လို့ ယုံကြည်နေပြီး ဂယ်ရီနဗီးလ်ရဲ့ ဒီပြောစကားတွေကို လှောင်ပြောတဲ့ အီမိုဂျီတွေနဲ့ တုံ့ပြန်သွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က