ယူနိုက်တက်-အာဆင်နယ်ပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တာပါ။

ဂါဘွန်တိုက်စစ်မှူးဟာ မနေ့ကပွဲမှာ အသင်းအတွက် ပွဲထွက်လာခဲ့ပြိး ပွဲချိန်တော်တော်များများပါဝင်ကစားပေးခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ဘဲရှိနေခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာ အပိုင်အခွင့်အရေးတွေကို လွဲချော်ခဲ့တဲ့ အာဆင်နယ်အသင်းခေါင်းဆောင်တိုက်စစ်မှူး အော်ဘာမီယန်ကတော့ ပရိသတ်တွေရဲ့ ဒေါသနဲ့ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ အသင်းအတွက် ဂိုးပေါက်လည်းပျောက်နေတဲ့ အော်ဘာမီယန်ဟာ ဂိုးမသွင်းနိုင်လို့ အမြင်စောင်းတာခံနေရချိန်မှာ ယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုရဲ့ အောင်ပွဲခံပို့စ်ကို Like သွားပေးခဲ့လို့ ဝေဖန်ခံနေရတာဖြစ်ပါတယ်။ 



ဂါဘွန်တိုက်စစ်မှူးဟာ မနေ့ကပွဲမှာ အသင်းအတွက် ပွဲထွက်လာခဲ့ပြိး ပွဲချိန်တော်တော်များများပါဝင်ကစားပေးခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ဘဲရှိနေခဲ့ပါတယ်။ ဒါ့အပြင် အပိုင်အခွင့်အရေးတကြိမ်ရရှိခဲ့ပေမယ့်လည်း သူ့ရဲ့ပိတ်သွင်းယူမှုကို ဒီဂီယာက ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ သူ့ကို အာတီတာက အခြားတိုက်စစ်မှူးလာကာဇက်နဲ့ လူစားလဲလှယ်သွားခဲ့ရပါတော့တယ်။ 

ပွဲအပြီးမှာတော့ ရော်နယ်ဒိုက သူ့ရဲ့ ၈၀၀ ပြည့်ဂိုးနဲ့ ၈၀၁ ဂိုးတွေသွင်းယူပြီး အောင်ပွဲခံနေတဲ့ ဓာတ်ပုံတွေတင်ခဲ့ပါတယ်။ အဆိုပါပုံတွေနဲ့အတူ သူက "ကျွန်တော်တို့အာရုံက လာမယ့်ပွဲကိုရောက်နေပြီး အောင်ပွဲခံနေဖို့ အချိန်မရှိပါဘူး၊ ဒီနေ့နိုင်ပွဲက လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ဖို့အတွက် အရေးပါခဲ့ပေမယ့် ပန်းတိုင်ကိုရောက်လို့ ခရီးရှည်ကြီးလျှောက်လှမ်းရဥိးမှာပါ" ဆိုပြိး ရေးသားခဲ့ပါတယ်။ 

အဆိုပါပို့စ်ကို Like လုပ်သူပေါင်း သန်းနဲ့ချီရှိရာမှာ အော်ဘာမီယန်လည်း တဥိးအပါအဝင်ဖြစ်ခဲ့ပြီး ဒီလုပ်ရပ်အတွက် ဘယ်လိုမှ နားမလည်နိုင်အောင်ဖြစ်ရတယ်လို့ အာဆင်နယ်ပရိသတ်တွေက ပြောဆိုခဲ့ကြပါတယ်။ အော်ဘာမီယန်ကိုလည်း အပြစ်တင်မှုတွေ ကိုယ်စီပြုလုပ်ခဲ့ကြပြီးနောက် အာဆင်နယ်အသင်းခေါင်းဆောင်ရဲ့လုပ်ရပ်ဆိုပြီးတော့လည်း Like လုပ်ထားတာကို ပြန်လည်မျှဝေမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က