မနေ့ကပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီအတွက် မကျေမနပ်ဖြစ်နေတာါ။

ပေါ်တူဂီကို အရေးနိမ့်ခဲ့တဲ့ ပွဲအပြီးမှတော့ ဂါနာနည်းပြအောတိုအက်ဒိုက သူတို့အသင်းပေးခဲ့ရတ​ဲ့ ပင်နယ်တီအတွက် မေးခွန်းထုတ်သွားခဲ့ပါတယ်။ ပွဲကစားချိန် ၆၅ မိနစ်မှာ ရော်နယ်ဒိုကို ဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ပင်နယ်တီပေးခဲ့ရတာဖြစ်ပြီး အဆိုပါပင်နယ်တီကို ရော်နယ်ဒို ကိုယ်တိုင် ကန်သွင်းယူခဲ့ကာ ပေါ်တူဂီအတွက် ဦးဆောင်ဂိုးရယူပေးခဲ့ပါတယ်။ 

ဒါပေမယ့် ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာတော့ အော်တိုအက်ဒိုက "ပင်နယ်တီမဟုတ်တဲ့ဟာကို ကွင်းလယ်ဒိုင်က ပင်နယ်တီပေးခဲ့ပါတယ်၊ လူတိုင်းလည်း ဒါကိုမြင်ကြမှာပါ၊ ဘာလို့ ပင်နယ်တီပေးတာလဲ? ဘာလို့လဲဆိုတော့ ရော်နယ်ဒိုဖြစ်နေလို့လား ဒါမှမဟုတ် တခုခုကြောင့်လား၊ တယောက်ယောက်ဂိုးသွင်းတာမျိုးဆို ကျနော် ချီးကျူးမှာပါ၊ ဒါပေမယ့် ဒါကတော့ လက်ဆောင်ပေးလိုက်တာပါ"

"ဒိုင်လူကြီးဆီကနေ အရမ်းကောင်းတဲ့ လက်ဆောင်တခုကို ရသွားခဲ့တာပါ' လို့ ပြောဆိုခဲ့ပါတယ်။ ဂါနာဟာ ပေါ်တူဂီကို သရေရအောင်ကစားနိုင်လုနိးပါးဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ ရော်နယ်ဒိုဂိုးသွင်းပြီး သိပ်မကြာခင်မှာ ချေပဂိုးပြန်သွင်းနိုင်ခဲ့ကာ ၃-၁ အနေအထားကနေ ၃-၂ ဖြစ်အောင်ကစားနိုင်ခဲ့သလို ပွဲပြီးခါနီးမှာ အခွင့်အရေးရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ 

ဒီနှစ်ကမ္ဘာ့ဖလားကတော့ ပွဲစဉ်အများစုမှာ ပင်နယ်တီသွင်းဂိုးတွေပါဝင်နေခဲ့တာပါ။ VAR ပြန်လည်ကြည့်ရှုပြီးမှ ပင်နယ်တီပေးသင့်၊ မပေးသင့်ဆုံးဖြတ်တာမျိုးတွေရှိသလို ပြန်မကြည့်ပဲန​ဲ့ ကန်ခွင့်ပေးခဲ့တာတွေလည်းရှိပါတယ်။ အိမ်ရှင်ကာတာနဲ့ အီကွေဒေါတို့ရဲ့ ကမ္ဘာ့ဖလားဖွင့်ပွဲမှာကတည်းက ပင်နယ်တီပါဝင်ခဲ့ပြီးနောက် ကျန်ပွဲအများစုမှာ ပင်နယ်တီတွေ ရှိနေခဲ့တာဖြစ်ပါတယ်။ 


CLEAR Filter ဘောလုံးဂိမ်းကစားပြီး Limited Edition CR7 Signed Golden Bottle ဆုလက်ဆောင်ရယူနိုင်ပါပြီ။ ရော်နယ်ဒိုလို ကျွမ်းကျင်မှုမျိုးပြသပြီး သူ့လက်မှတ်ပါဝင်တဲ့ ဆုလက်ဆောင်ရမယ့် အခွင့်အရေးနော်။ ဂိမ်းကို ပါဝင်ဆော့ကစားဖို့အတွက် ဒီလင့်ခ်လေးကို နှိပ်ပြီး ဝင်ကစားရုံပါပဲ။ 


Share

Loading Next Article...
က္က