သူ့အသင်းကတော့ နေမာမပါလည်း အေးဆေးပဲလို့ ဆိုခဲ့တာပါ။

ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းနည်းပြ ဂျော့ဂျီးဆပ်က အယ်လ်နာဆာအတွက် ရော်နယ်ဒိုမကစားပေးနိုင်တဲ့အချိန်ကျရင် ဘာဖြစ်မလဲဆိုတာကို စောာင့်ကြည့်လိုက်လို့ ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုမပါဝင်ဘဲ သူတို့အသင်းနဲ့ ကစားမလားလို့လည်း သူက စိန်ခေါ်လိုက်ပါတယ်။ 

ဒီနှစ်သင်းဟာ မကြာသေးခင်ကမှ တွေ့ဆုံထားခဲ့ဖူးပြီး အယ်လ်ဟီလယ်က ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိထားခဲ့တာပါ။ ရော်နယ်ဒိုက အယ်လ်နာဆာရဲ့ အဓိကကစားသမားအဖြစ် ခြေစွမ်းပြသနေပြီး ဒီရာသီမှာ ပြိုင်ပွဲစုံ ၂၁ ပွဲကစားပေးထားပြီး ၁၉ ဂိုးသွင်းကာ ၁၀ ကြိမ်ဖန်တီးပေးထားပါတယ်။ 

ဂျော့ဂျီးဆပ်က အယ်လ်အီတီဟတ်မှာ ဘန်ဇီမာ၊ အယ်လ်အာလီမှာ မာရက်ဇ်နဲ့ အယ်လ်နာဆာမှာ ရော်နယ်ဒိုတို့မရှိရင် အဆိုပါအသင်းတွေက ဘာမှမဟုတ်ဘူးဆိုတဲ့ သဘောကို‌ ပြောဆိုခဲ့ပြီး သူတို့အသင်းကတော့ နေမာ ဒဏ်ရာကြောင့် အနားယူနေရတာတောင် တောင့်တင်းနေတယ်လို့ ဝံ့ကြွားသွားခဲ့ပါတယ်။ 

ဆော်ဒီဘုရင့်ဖလားကွာတားပွဲအဖြစ် အယ်လ်တာဝမ်နဲ့ မကစားခင်မှာ သူက "ရော်နယ်ဒိုမပါရင် အယ်လ်နာဆာ ဘာဖြစ်မလဲဆိုတာကို ကျနော်စောင့်ကြည့်နေတယ်၊ အယ်လ်အာလီကလည်း မာရက်ဇ်၊ အယ်လ်အီတီဟတ်က ဘန်ဇီမာပေါ့၊ ကျနော်တို့က နေမာသာ ပြန်ကစားနိုင်ရင် ပိုပြီးတောာ့ ကောင်းမွန်လာဦးမှာပါ" လို့ ပြောဆိုခဲ့ပါတယ်။


အယ်လ်ဟီလယ်ဟာ ဆော်ဒီအမှတ်ပေးဇယားကို ဦးဆောင်နေပြီး မီထရိုဗစ်၊ မယ်လ်ကွန်နဲ့ အခြားသော နိုင်ငံခြားသားကစားသမားတွေရဲ့ ခြေစွမ်းပြမှုနဲ့အတူ နိုင်ပွဲဆက်နေတာလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က