ရော်နယ်ဒိုဂိုးသွင်းပြီးနောက်​ အောင်ပွဲခံဖို့ပြေးလိုက်ရင် လုပ်သွားခဲ့တာပါ။

ရော်နယ်ဒိုကို ပွေ့ဖက်ဂုဏ်ပြုဖို့အတွက် ဒါလော့၊ ဆန်ချို၊ တဲလက်စ်တို့က ပြေးလိုက်သွားခဲ့ချိန်မှာ ဆန်ချိုက ရော်နယ်ဒိုအောင်ပွဲခံဟန်အတိုင်း လိုက်လံကာ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။


မနေ့က ကစားခဲ့တဲ့ ယူနိုက်တက်က အာဆင်နယ်ကို သူတို့အိမ်ကွင်းမှာ ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာတော့ ဆန်ချိုဟာ အသင်းဖော်တိုက်စစ်မှူးရော်နယ်ဒိုလိုမျိုး လိုက်ပါအောင်ပွဲခံသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ နိုင်ပွဲပျောက်နေပြီး ရလဒ်တွေဆက်တိုက်ဆိုးရွားနေတဲ့ ယူနိုက်တက်ဟာ နောက်ပိုင်းနှစ်တွေမှာ အသာစီးမရခဲ့တဲ့ အာဆင်နယ်ကို ပြန်လည်အနိုင်ယူခဲ့တာဖြစ်ပါတယ်။ 



အာဆင်နယ်အတွက် စမစ်ရိုးက အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး ဖာနန်ဒက်စ်က ပြန်လည်ချေပခဲ့ကာ ရော်နယ်ဒိုက ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် အိုဒီဂတ်က အာဆင်နယ်အတွက် ပြန်ချေပခဲ့လို့ တဖက်နှစ်ဂိုးစီသရေဖြစ်နေခဲ့ပြီး နိုင်ပွဲရဖို့ နှစ်သင်းစလုံးအားထုတ်နေချိန်မှာ ဖရက်ဒ်ကြောင့် ယူနိုက်တက်တို့ ပင်နယ်တီရရှိခဲ့ပြီး ရော်နယ်ဒိုက အပိုင်ကန်သွင်းယူကာ အသင်းကို နိုင်ပွဲရစေခဲ့ပါတယ်။


အဆိုပါဂိုးသွင်းယူအပြီးမှာတော့ ရော်နယ်ဒိုက ပရိသတ်တွေရှိရာ ဂိုးတိုင်ထောင့်ဘက်ပြေးလွှားပြီး သူ့ရဲ့အောင်ပွဲခံဟန်အတိုင်း အောင်ပွဲသွားခံခဲ့ပါတယ်။ ရော်နယ်ဒိုကို ပွေ့ဖက်ဂုဏ်ပြုဖို့အတွက် ဒါလော့၊ ဆန်ချို၊ တဲလက်စ်တို့က ပြေးလိုက်သွားခဲ့ချိန်မှာ ဆန်ချိုက ရော်နယ်ဒိုအောင်ပွဲခံဟန်အတိုင်း လိုက်လံကာ အောင်ပွဲခံခဲ့တာဖြစ်ပြီး ဒါလော့ကလည်း အဆိုပါအောင်ပွဲခံဟန်ကို ပြုမူခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ 

ဒီအောင်ပွဲခံဟန်ရဲ့ မူပိုင်ရှင်ရော်နယ်ဒိုတောင်မှ အောင်ပွဲမခံရသေးခင်မှာ ဆန်ချိုက ပြေးရင်းလွှားရင်းနဲ့ အောင်ပွဲခံပြသွားခဲ့တာဖြစ်ပြီး ရုပ်သံဗီဒီယိုတွေကလည်း ဒီမြင်ကွင်းကို အမိအရရိုက်ယူနိုင်ခဲ့ပါတယ်။ SIU လို့ အော်ဟစ်ကာ လေပေါ်ခုန်တက်ပြီးနောက် လက်နှစ်ဖက်ကို ဖြန့်ကာ အောက်ကိုလွှဲတဲ့ အောင်ပွဲခံဟန်ဖြစ်ပြီး ရော်နယ်ဒိုရဲ့ ထင်ရှားတဲ့အောင်ပွဲခံမှုတစ်ခုလည်းဖြစ်ပါတယ်။ 

Share

က္က