ပလေးအော့ဗိုလ်လုပွဲအဖြစ် ကစားရတော့မှာပါ။

ယူရိုချန်ပီယံအီတလီကို ကမ္ဘာ့ဖလားခြေစစ်ပွဲလမ်းကြောင်းကနေ ဖယ်ထုတ်ပြီးနာကျင်စေခဲ့တဲ့ မြောက်မက်ဆီဒိုးနီးယားအသင်းဟာ ပေါ်တူဂီနဲ့ အသင်းခေါင်းဆောင်ရော်နယ်ဒိုတို့ကို သတိပေးမှုတွေပြုလုပ်သွားခဲ့ပါတယ်။ အီတလီကိုအနိုင်ရအပြီးမှာ နိုင်ငံ့သူရဲကောင်းတွေလို့တင်စားခံခဲ့ရတဲ့ မြောက်မက်ဆီဒိုးနီးယားကစားသမားတွေဟာ အဝတ်လဲခန်းထဲ အလွန်အမင်းအောင်ပွဲခံခဲ့ကြပါတယ်။

မြောက်မက်ဆီဒိုးနီးယားမြို့တော်မှာလည်း ပရိသတ်တွေက နိုင်ငံအသင်းရဲ့နိုင်ပွဲအတွက် ညလုံးပေါက်အောင်ပွဲခံခဲ့ကြကာ ကမ္ဘာ့ဖလားကိုသွားဖို့ ခြေတလှမ်းသာလိုတော့တဲ့ အပေါ် စိတ်လှုပ်ရှားနေခဲ့ကြပါတယ်။ ပရိသတ်တွေနည်းတူ ကစားသမားတွေကလည်း ဒီအခွင့်အရေးအတွက် စိတ်အားတက်ကြွနေခဲ့ကြပြီး အီတလီကို အနိုင်ယူအပြီးမှာ အသင်းခေါင်းဆောင် စတီဖန်ရစ်တော့စကီက အခုလိုပြောဆိုခဲ့ပါတယ်။ 

"ဒီနိုင်ပွဲအတွက် ကျနော်အရမ်းပျော်တယ်၊ မြောက်မက်ဆီဒိုးနီးယားကိုအပြန်မှာ ကြီးမားတဲ့ကြိုဆိုမှုတွေခံယူရဖို့ မျှော်လင့်ပါတယ်၊ ကျနော်တို့ ပေါ်တူဂီကို အနိုင်ယူနိုင်လားဆိုရင်တော့ ယူနိုင်တာပေါ့ဗျာ၊ ကျနော်တို့အနိုင်ရလိမ့်မယ်၊ အနိုင်ရဖို့အတွက်လည်း ကျနော်တို့ ဘာမဆိုလုပ်သွားမှာပါ၊ ကျနော်တို့ အဲဒါကို ရအောင်လုပ်သွားမှာပါ" လို့ ပြောဆိုဲ့ကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။ 

နည်းပြမီလက်ဗ်စကီကလည်း "ထရာကော့ဗ်စကီးရဲ့ သွင်းဂိုးအတွက် ကျနော်အရမ်းပျော်ရွှင်ခဲ့ရပါတယ်၊ စီစဉ်ထားတဲ့အတိုင်း ကျနော်တို့ကစားနိုင်ခဲ့ပြီး အီတလီက အသင်းကြီး၊ ပြီးတော့ ချန်ပီယံအကြိမ်ပေါင်းများစွာဖြစ်ခဲ့တာ၊ ဒါပေမယ့် ကျနော်တို့အားသာချက်ကို ကျနော်တို့သိတယ်၊ ပွဲမစခင်မှာ ကျနော့်ကောင်လေးတွေကို ပျော်ပျော်နေဖို့ပြောခဲ့ပြီး သူတို့ကလည်း အဲဒီလိုလုပ်နိုင်ခဲ့ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 


ပေါ်တူဂီကလည်း တူရကီကို အနိုင်ယူအပြီး ပလေးအော့ဗိုလ်လုပွဲကို တက်ရောက်ခဲ့ကာ လာမယ့် မတ်လ ၃၀ မှာ မြောက်မက်ဆီဒိုးနီးယားနဲ့ အဆုံးအဖြတ်ပွဲကစားရမှာဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က