Sky Sports နဲ့ သုံးသပ်မှုမှာ ပြောဆိုခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်းဝိန်းရွန်နီက ယူနိုက်တက်ကို ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် မေ့ထားလိုက်တော့လို့ ပြောဆိုလိုက်ပါတယ်။ သူ့ရဲ့အသင်းဟောင်းဟာ ချန်ပီယံလိဂ်ဝင်ကစားဖို့ လုံလောက်တဲ့အနေအထားမှာမရှိဘူးလို့  ရွန်နီက ပြောဆိုခဲ့သလို ရော်နယ်ဒိုနဲ့ ပေါ့ဂ်ဘာတို့ကိုလည်း အသင်းကနေ ပေးပြီး ထွက်သင့်တယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။ 

Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ အစီအစဉ်တခုမှာ ရွန်နီက ပြောဆိုခဲ့တာဖြစ်ပြီး အစီအစဉ်တင်ဆက်သူ Dave Jones က အသင်းကို ရော်နယ်ဒိုပြန်ရောက်လာခဲ့တာက စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာဘူးလားလို့ မေးမြန်းခဲ့ပါတယ်။ ဒီမေးခွန်းကို ရွန်နီက ပြန်လည်ဖြေဆိုခဲ့ရာမှာတော့ "မဖြစ်လာဘူးလို့ပဲပြောချင်တယ်၊ သူက ဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်၊ ဒီရာသီအစောပိုင်း ချန်ပီယံလိဂ်ပွဲတွေမှာ အရေးပါတဲ့ဂိုးတွေလည်း သွင်းနိုင်ခဲ့တယ်၊ စပါးနဲ့ပွဲမှာဆို ခြေစွမ်းပြပြီး ဟက်ထရစ်ပါရခဲ့ပါတယ်"

"ဒါပေမယ့် အသင်းအနာဂတ်ကိုကြည့်မယ်ဆိုရင် လူငယ်ကစားသမားတွေကို နေရာပေးသင့်ပါတယ်၊ လာမယ့်နှစ်နှစ်၊ သုံးနှစ်အတွင်း ယူနိုက်တက်ကို အကောင်းဆုံးမြှင့်တင်ပေးဖို့ ဆာလောင်ပြင်းပြနေတဲ့ ကစားသမားတွေပေါ့၊ သေချာတာကတော့ ရော်နယ်ဒိုဆီက သေးငယ်တဲ့ ပမာဏလောက်ပဲ ရယူနိုင်ခဲ့တာပါ၊ သူက ဂိုးတဂိုးရဖို့အတွက် ခြိမ်းခြောက်နိုင်တယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် တပွဲလုံးစာအတွက် သူတို့မှာ ပိုလိုအပ်နေတာပါ"

"ရော်နယ်ဒိုက အသက် ၂၀ အရွယ် ကစားသမားတဦးလိုမျိုး မလုပ်ပြနိုင်တော့ပါဘူး၊ ဒါက ဘောလုံးပါပဲ၊ လူငယ်ကစားသမားတွေ၊ ဆာလောင်ပြင်းပြနေတဲ့သူတွေကို သူတို့လိုအပ်နေပါတယ်၊ ပေါ့ဂ်ဘာဆိုရင်လည်း သူ့ကိုထွက်ခွင့်ပေးလိုက်တာ အကောင်းဆုံးပါပဲ၊ ပွင့်ပွင့်လင်းလင်းပြောရရင် သူအသင်းကိုပြန်ရောက်ကတည်းက ကြီးမားတဲ့သက်ရောက်မှုမရှိဘူးလို့ ကျနော်ထင်တယ်"

ပြင်သစ်မှာဆို သူက တခြားကစားသမားတယောက်ဖြစ်သွားတယ်၊ ယူနိုက်တက်မှာ သူ့အတွက်အလုပ်မဖြစ်ဘူး၊ ကစားသမားတချို့ကို ထွက်သွားခွင့်ပေးဖို့ လိုတယ်လို့ ကျနော်ထင်တယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ 


Share

Loading Next Article...
က္က