ရော်နယ်ဒိုလို စိတ်ဓာတ်ပိုင်ရှင်လို့ပါ ချီးကျူးခဲ့ပါတယ်။

မန်စီးတီးသာ ဖလား ၃ လုံးဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် အသင်းဖော်ဟာလန်းကို ဘလွန်းဒီအောဆုရဖို့အတွက် မျှော်လင့်ထားကြောင်း ဘာနာဒိုဆေးလ်ဗားက ပြောဆိုလိုက်ပါတယ်။ ပရီးမီးယားလိဂ်ကနေ ဘလွန်းဒီအောဆု ရယူဖူးတဲ့ ကစားသမားကတော့ ၂၀၀၈ ခုနှစ်က ဆွတ်ခူးခဲ့တဲ့ ရော်နယ်ဒိုတဦးတည်းသာ ရှိခဲ့တာပါ။ ဟာလန်းကတော့ ဒီရာသီမှာ မန်စီးတီးအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၄၉ ဂိုးအထိ သွင်းယူထားပြီး ခြေစွမ်းပြသနေတာဖြစ်ပါတယ်။ 

ဒါကြောင့်လည်း ဘာနာဒိုဆေးလ်ဗားက "သူ ဘလွန်းဒီအောဆုရဖို့ကို ကျနော်မျှော်လင့်ထားပါတယ်၊ ဘာလို့လဲဆိုတော့ သူက ကစားသမားကောင်းတဦးတည်းတင်မဟုတ်ဘဲ အရမ်းကောင်းမွန်တဲ့ လူတဦးဖြစ်နေလို့ပါ၊ ပရီးမီးယားလိဂ်နဲ့ ချန်ပိယံလိဂ်ကို ကျနော်တို့ ဆွတ်ခူးနိုင်ဖို့တော့ လိုပါတယ်၊ သူ့အတွက် ကျနော်အားပေးနေတာက မျှတပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

ဒါ့အပြင် ဆေးလ်ဗားက ဟာလန်းကို ရော်နယ်ဒိုနဲ့ ခိုင်းနှိုင်းမှုတွေလည်းလုပ်ခဲ့ပါတယ်။ "သူတို့က ကိုယ်ရေးကိုယ်သွေးကွဲပြားပြီး ကွင်းပြင်မှာလည်း အခြားခြားနားပါတယ်၊ ကွင်းထဲမှာဆိုရင်တော့ အရမ်းကို တူညီကြပြီး ဧရိယာထဲမှာဆိုရင် ဂိုးတွေသွင်းဖို့အတွက် ဆာလောင်နေကြတာပါ၊ ဂိုးပေါက်နဲ့ ဘောလုံးနီးကပ်ချိန်တိုင်းမှာ ဟာလန်းက အဲဒီမှာ အမြဲရှိနေပြီး ဘောလုံးက ဘယ်ကိုရောက်လာမလဲဆိုတာကို သိနေတဲ့သူပါ၊ ရော်နယ်ဒိုကလည်း အဲလိုပါပဲ" လို့ ဆိုပါတယ်။ 

ဟာလန်းကတော့ ပရီးမီးယားလိဂ်သွင်းဂိုး ၃၄ ဂိုးအထိ ရရှိထားကာ တရာသီအတွင်းမှာ လိဂ်ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ် စံချိန်တင်ထားသူဖြစ်ပါတယ်။ မန်စီးတီးရဲ့ နံပါတ် ၉ ကစားသမားဟာ အသင်းအတွက် နောက်ဆုံးကစားပေးခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၁၇ ဂိုးအထိ သွင်းယူပေးထားပြီး ဘယ်လိုမှ ရပ်တန့်မရအောင် ဖြစ်နေပါတယ်။ 


Share

Loading Next Article...
က္က