ရော်နယ်ဒိုရဲ့ အင်တာဗျူးအပေါ်မှာ စိတ်ခုနေတာဖြစ်နိုင်ပါတယ်။

ကမ္ဘာ့ဖလားကို ဝင်ရောက်ကစားဖို့အတွက် ပေါ်တူဂီကတော့ သူတို့ရဲ့ ကစားသမားတွေကို စုစည်းထားခဲ့ပြီဖြစ်ပါတယ်။ အပြီးသတ်လူစာရင်းမှာ ပါဝင်လာခဲ့တဲ့ ကစားသမား ၂၆ ဦးစလုံးက အသင်းနဲ့ ဆက်သွယ်ပူးပေါင်းပြီး လေ့ကျင့်မှုတွေစတင်နေပြီလိ့လည်း သိရပါတယ်။ ပေါ်တူဂီကတော့ ရော်နယ်ဒိုဦးဆောင်လာမှာဖြစ်ပြီး ဖာနန်ဒက်စ်၊ ဒါလော့၊ ကန်ဆယ်လိုတို့လို မန်ချက်စတာကလပ်တွေအတွက် ကစားပေးနေတဲ့သူတွေ ပါဝင်လာခဲ့ပါတယ်။ 



တွစ်တာပေါ်မှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်တခုအရ ရော်နယ်ဒိုနဲ့ ဘရူနိုဖာနန်ဒက်စ်တို့ လက်ရွေးစင်အသင်းမှာ ပြန်လည်တွေ့ဆုံစဉ် ဖာနန်ဒက်စ်ဘက်က ဟက်ဟက်ပက်ပက်နဲ့ နှုတ်ဆက်တာမျိုးမရှိတာကို မြင်တွေ့ခဲ့ရပါတယ်။ အဝတ်လဲခန်းထဲကို ဝင်လာတဲ့ ဖာနန်ဒက်စ်ကို ရော်နယ်ဒိုက နှုတ်ဆက်စကားပြောဆိုမှုတွေပြုလုပ်ခဲ့ပြီး ဖာနန်ဒက်စ်ကတော့ ဝတ်ကျေတန်းကျေသ ပြန်လည်ပြောဆိုခဲ့ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။ 

ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းနဲ့ပတ်သက်ပြီး ပီယာ့စ်မော်ဂန်နဲ့အင်တာဗျူးမှာ ပြောဆိုမှုတွေပြုလုပ်ထားခဲ့တာပါ။ သူရင်ဆိုင်နေရတဲ့ အဖြစ်အပျက်တွေနဲ့ အကြောင်းအရာတွေကို ဖွင့်ချခဲ့တာဖြစ်ပြီး နည်းပြတန်ဟက်ဂျ်ကို သူ့ဘက်ကလေးစားမှုမရှိဘူးလို့ ပေါ်တင်ပြောဆိုတဲ့အထိ ရော်နယ်ဒိုက ပြုလုပ်ခဲ့ပြီး ဒီလိုတွေပြောဆိုခဲ့တဲ့အပေါ်မှာ အသင်းဖော်တွေကပါ စိတ်ပျက်လက်ပျက်ဖြစ်နေတယ်လို့ သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။ 

အခုလည်း ဖာနန်ဒက်စ်ရဲ့ ပုံစံက ရော်နယ်ဒိုအပေါ် သိပ်မကျေနပ်တဲ့ အနေအထားမျိုးကို တွေ့ရတယ်လို့ ခန့်မှန်းရပါတယ်။ ဒီဗီဒီယိုဖိုင်အပေါ်မှာ ပရိသတ်တွေကလည်း အမျိုးမျိုးခန့်မှန်းပြောဆိုနေကြပြီး ဖာနန်ဒက်စ်ဘက်က သိပ်ပြီးတော့ ပြောဆိုချင်ဟန်မရှိဘူးလို့ မှတ်ချက်ပြုတာတွေလည်း ရှိနေပါတယ်။ 

Share

Loading Next Article...
က္က