အင်တာဗျူးမှာ သူ ဖန်တီးပေးချင်တဲ့ တွဲဆိုင်းကို ပြောပြခဲ့တာပါ။

ဗြိတိန်နာမည်ကျော် ဘောက်ဆင်သမား အန်သိုနီဂျိုရှူဟွာက သူ့အနေနဲ့ ဘောက်ဆင်သမားမဟုတ်တဲ့သူနှစ်ဦးကို ပွဲတည်ပေးခွင့်ရမယ်ဆိုရင် မက်ဆီနဲ့ ရော်နယ်ဒိုကို ထိုးသတ်စေချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ Misfits Boxing နဲ့ ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးမှာ သူက ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

Misfits Boxing ကတော့ ဒီနှစ်အတွင်းမှာပဲ events ၅ ခုအထိ ကျင်းပခဲ့ပြီးဖြစ်ကာ နယ်ပယ်အသီးသီးက ထင်ရှားကျော်ကြားတဲ့သူတွေကို တွဲဆိုင်းတွေအဖြစ် ဖန်တီးကာ ဖျော်ဖြေပွဲအသွင်ဆောင်တဲ့ ဘောက်ဆင်ထိုးသတ်ပွဲတွေ ကျင်းပပြုလုပ်နေတာလည်းဖြစ်ပါတယ်။ 

"Misfits Boxing မှာ ဘောက်ဆင်သမားမဟုတ်တဲ့သူတွေကိုပဲ ပွဲတည်ပေးရမယ်ဆိုရင် ခင်ဗျား ဘယ်သူတွေကို ပွဲတည်ပေးချင်လဲ၊ ပြီးတော့ ဘယ်သူနိုင်မယ်လို့ ထင်လဲ" လို့ အင်တာဗျူးမှာ မေးမြန်းခဲ့ရာမှာ ဂျိုရှူဟွာက "ရော်နယ်ဒိုနဲ့ မက်ဆီပေါ့၊ ပြီးတော့ ရော်နယ်ဒိုပဲ အနိုင်ရဖို့ များပါတယ်" လို့ ပြန်လည်ပြောဆိုခဲ့တာဖြစ်ပါတယ်။ 


ရော်နယ်ဒိုနဲ့ မက်ဆီကတော့ ဘောလုံးလောကရဲ့ ဂန္ထဝင်ကစားသမားနှစ်ဦးဖြစ်ပြီး သူတို့ကြားမှာ ကြီးမားတဲ့ ပြိုင်ဆိုင်မှုတွေက ဆယ်စုနှစ်တခုကျော်ကြာ ရှိနေခဲ့တာဖြစ်ပါတယ်။ ဘောလုံးလောကအတွင်းမှာတော့ သူတို့နှစ်ဦးစလုံးက များပြားလှတဲ့ စံချိန်မှတ်တမ်းတွေကို ပိုင်ဆိုင်ခဲ့ကြပြီး သူမသာ၊ ကိုယ်မသာဆိုတဲ့ အနေအထားမှာ ရှိနေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က