ချယ်လ်ဆီး-ယူနိုက်တက်ပွဲမှာ ဖြစ်ပျက်ခဲ့တာပါ။

ချယ်လ်ဆီးနဲ့ ယူနိုက်တက်တို့ပွဲကို သုံးသပ်ဝေဖန်သူတွေအဖြစ် တာဝန်ယူခဲ့ကြတဲ့ ယူနိုက်တက်ကစားသမားဟောင်းရွိုင်ကိန်းနဲ့ ဂယ်ရီနဗီးလ်တို့ကတော့ ရော်နယ်ဒိုနဲ့ပတ်သက်ပြီး တော်တ​ော်လေးအငြင်းပွားခဲ့ကြပါတယ်။ ရော်နယ်ဒိုကို ယူနိုက်တက်ဘက်က ဆက်ဆံနေပုံနဲ့ပတ်သက်ပြီး ရွိုင်ကိန်းက ပြစ်တင်ဝေဖန်ခဲ့သလို နဗီးလ်ကတော့ ရော်နယ်ဒိုမပါဝင်တဲ့ ယူနိုက်တက်က ပိုမိုကောင်းမွန်တယ်လို့ ကာကွယ်ပြောဆိုခဲ့တာပါ။ 

ဟယ်ဆယ်ဘိန့်နဲ့အတူ အစီအစဉ်တင်ဆက်နေခဲ့တာဖြစ်ပြီး ချယ်လ်ဆီးတိုက်စစ်မှူးဟောင်းကြီး နဗီးလ်ဘက်က ရှိနေခဲ့ပါတယ်။ ရွိုင်ကိန်းကလည်း သူ့ထင်မြင်ချက်ကို လုံး၀လက်မလျှော့ဘဲ ရော်နယ်ဒိုသာပါခဲ့မယ်ဆိုရင် ညကပွဲမှာ ဂိုးသွင်းယူနိုင်မှာ သေချာတယ်လို့ပြောဆိုခဲ့ပြီး သူတို့နှစ်ဦးရဲ့ ငြင်းခုန်မှုက တော်တော်လေးကို စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ 

နဗီးလ် : ပွဲထွက် ၁၁ ယောက်ထဲမှာ ရော်နယ်ဒို ပါသင့်တယ်လို့ ထင်တဲ့ ယူနိုက်တက်ပရိသတ်အများကြီးမရှိဘူး။  


ရွိုင်ကိန်း : ပရိသတ်တွေ ဘယ်လိုထင်လဲ ငါ ဂရုမစိုက်ဘူး၊ ဂရုကိုမစိုက်တာ၊ ပရိသတ်တော်တော်များများက ဘာတွေဖြစ်နေလဲဆိုတာကို သိတာမဟုတ်ဘူး။ 


နဗီးလ် : သူ မပါချိန်မှာ ယူနိုက်တက်ပိုကောင်းနေတယ်၊ သူ မရှိဘဲ ဂိုးတွေပိုသွင်းနေတယ်၊ ပြီးတော့ အမှတ်တွေလည်း ပိုရနေတယ်၊ မန်ချက်စတာယူနိုက်တက်က သူမရှိဘဲ ပိုပြီးတော့ကောင်းတဲ့အသင်းဖြစ်နေတယ်။ 


ရွိုင်ကိန်း : ရော်နယ်ဒိုမရှိရင် ယူနိုက်တက်က ဘယ်လောက်တောင်ကောင်းနေတယ်ဆိုတာကို မင်း ဆက်ပြောမှာလား၊ သူ မကစားပေးခဲ့တဲ့ ရာသီအစကို ပြန်ကြည့်လေ၊ မန်စီးတီးနဲ့ပွဲကို ပြန်ကြည့်လေ၊ သူသာ ဒီနေ့ပွဲ (ချယ်လ်ဆီး) ပါရင် တဂိုးလောက်သွင်းနိုင်မှာကွ။

ဒါတွေက သူတို့တွေ အပြန်အလှန်ပြောဆိုခဲ့ကြတာတွေပါ။ ဒီမှာလည်း ပရိသတ်တွေက နှစ်ဖွဲ့ကွဲနေပြီး ရွိုင်ကိန်းကို ထောက်ခံသူနဲ့ နဗီးလ်မှန်တယ်လို့ ထောက်ခံတဲ့သူတွေပါ။ ရော်နယ်ဒိုရဲ့ လက်ရှိအနေအထားကတော့ အရေးပါတဲ့ Topic တခုအဖြစ်ရှိနေပြီး ယူနိုက်တက်အသင်းသားဟောင်းတွေထဲမှာကို အမြင်တွေကွဲလွဲနေပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က