အမြင်မတူဖြစ်နေပြီး အပြစ်တင်သူနဲ့ကာကွယ်နေသူတွေအဖြစ် ရှိလာခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေကာ ဂိုးပေါက်ကန်သွင်းမှုက လက်ငါးကြိမ်တောင် မပြည့်တဲ့အနေအထားမျိုးတွေရှိလာခဲ့ပါတယ်။


ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာတဲ့ အစောပိုင်းကာလတွေမှာ ပျားရည်ဆမ်းခရီးကို လျှောက်လှမ်းနေခဲ့ရတဲ့ ရော်နယ်ဒိုတစ်ယောက် အခုတော့ ညတစ္ဆေခြောက်ခံနေရမှုတွေနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေကာ ဂိုးပေါက်ကန်သွင်းမှုက လက်ငါးကြိမ်တောင် မပြည့်တဲ့အနေအထားမျိုးတွေရှိလာခဲ့ပါတယ်။



လက်စတာကို ၄-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာတော့ ပရိသတ်တချို့က သူ့ကိုမေးခွန်းတွေစတင်ထုတ်လာခဲ့ပြီဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ၁၂ နှစ်အကြာမှာ အသင်းဟောင်းကို ပြန်လည်ရောက်လာခဲ့ပြီး ပထမဆုံးကစားပေးခဲ့တဲ့ ၆ ပွဲမှာ ၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပေမယ့် အောက်တိုဘာလကစပြီး ကလပ်အသင်းအတွက် ဂိုးပေါက်ပျောက်နေခဲ့တာဖြစ်ပါတယ်။ 


ပရိသတ်တစ်ဦးက "ရော်နယ်ဒိုက ပြသနာတွေအများကြီးကို ဖန်တီးခဲ့ပြီး နည်းနည်းလေးကိုပဲ ဖြေရှင်းခဲ့ပါတယ်။ သူ အခုလိုပုံစံအတိုင်း ဆက်ကစားနေမယ်ဆိုလည်း ကျွန်တော်ကတော့ အံ့အားသင့်တော့မှာမဟုတ်ဘူး၊ သူ ဆက်ကြိုးစားမလား၊ နေရာဖယ်ပေးမလား၊ တစ်ခုခုတော့ သေချာပေါက်လုပ်ရပါလိမ့်မယ်" လို့ တွစ်တာမှာရေးသားခဲ့ပါတယ်။ 

နောက်ထပ်တစ်ဦးကလည်း "သူ့အသက် ၃၇ နှစ်ပြည့်ဖို့က ၆ လလောက်ပဲ လိုတော့တယ်၊ သူက ဧရိယာထဲမှာဂိုးတွေသွင်းယူနေနိုင်ဆဲဖြစ်ပေမယ့် ပွဲအနိုင်ရဖို့အတွက် တကယ်အများကြီးပိုထောက်ပံ့ပေးနေတာလား?" လို့ ဆိုပါတယ်။ ရော်နယ်ဒိုဟာ Lone Striker တစ်ဦးအဖြစ်နဲ့ ကစားနေရပြီး သူ့နောက်မှာ ဆန်ချို၊ ဖာနန်ဒက်စ်နဲ့ ဂရင်းဝုဒ်ကတို့က နေရာယူကစားပေးနေခဲ့တာဖြစ်ပါတယ်။ 

အခြားသောပရိသတ်တွေကတော့ ရော်နယ်ဒိုရဲ့ ခြေစွမ်းပျောက်ဆုံးနေမှုဟာ ဆိုးလ်ရှားနဲ့သာ သက်ဆိုင်တယ်လို့လည်း ယူဆနေကြပါတယ်။ မေးခွန်းထုတ်သင့်တာက ဆိုးလ်ရှားကိုသာဖြစ်ပြီး ရော်နယ်ဒိုကိုမဟုတ်ကြောင်း ဆိုခဲ့ရာမှာ "ရော်နယ်ဒိုအတွက် ကွင်းလယ်တစ်ခုလိုအပ်နေပါတယ်၊ ယူနိုက်တက်က ဘာနည်းစနစ်မှမရှိဘူး၊ သူတို့ဘာလုပ်နေလဲဆိုတာ သူတို့မသိဘူး၊ လီဗာပူးလ်၊ မန်စီးတီးတို့ ဘောလုံးရနေချိန် ကစားပုံကိုကြည့်ပါ၊ ယူနိုက်တက်က အိုလေကို ဖယ်ရှားပစ်လို့ လိုအပ်နေပါတယ်" လို့ ရေးသားခဲ့ပါတယ်။

Share

က္က