ပခုံးဒဏ်ရာကြောင့် အနားယူနေရပြီး အခုမှပြန်ကစားနိုင်တော့မှာပါ။

ယူနိုက်တက်ကို ရော်နယ်ဒိုပြန်ရောက်လာချိန်ကတည်းက တွဲဖက်ကစားရသေးခြင်းမရှိတာဖြစ်ပြီး လာမယ့်လက်စတာနဲ့ပွဲမှာ သူတို့နှစ်ဦးကို အတူတူမြင်တွေ့ရဖွယ်ရှိနေပါတယ်။ 


ယူနိုက်တက်အတွက် ဒဏ်ရာကြောင့်ကစားပေးနိုင်ခြင်းမရှိဘဲ အနားယူနေရတဲ့ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပြီး ရော်နယ်ဒိုနဲ့ တွဲဖက်ကစားရမယ့်အပေါ်မှာ စိတ်လှုပ်ရှားကြောင်း ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ကို ရော်နယ်ဒိုပြန်ရောက်လာချိန်ကတည်းက တွဲဖက်ကစားရသေးခြင်းမရှိတာဖြစ်ပြီး လာမယ့်လက်စတာနဲ့ပွဲမှာ သူတို့နှစ်ဦးကို အတူတူမြင်တွေ့ရဖွယ်ရှိနေပါတယ်။ 



ပခုံးဒဏ်ရာခွဲစိတ်ကုသမှုခံယူထားခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ အသင်းရဲ့တံခါးပိတ်ခြေစမ်းပွဲကို ပါဝင်ကစားခဲ့ပြီး နှစ်ဂိုးသွငး်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ အင်္ဂလန်တိုက်စစ်မှူးက အခုအခါမှာတော့ ရော်နယ်ဒိုနဲ့ တွဲဖက်ကစားဖို့ မစောင့်ဆိုင်းနိုင်အောင်ဖြစ်နေပြီး ပေါ်တူဂီတိုက်စစ်မှူးဟာ အသင်းကို ဆုဖလားတွေရအောင် လမ်းညွှန်ပေးနိုင်မယ့်သူလို့လည်း ခံစားနေရကြောင်း ပြောဆိုခဲ့ပါတယ်။ 

"ကျွန်တော့်အတွက်တော့ ဒါက တကယ့်ခံစားမှုကြီးပါပဲ၊ ကစားသမားတစ်ဦးအနေနဲ့တင်မဟုတ်ဘဲ အသင်းပရိသတ်တစ်ဦးအနေနဲ့ပါ ရော်နယ်ဒိုနဲ့ပတ်သက်ပြီး ခံစားရပါတယ်၊ အသင်းဂန္ထဝင်တစ်ဦး ကလပ်ကိုပြန်ရောက်လာတယ်ဆိုတာက အရမ်းကောင်းပါတယ်၊ အိုးထရက်ဖို့ဒ်မှာ သူနဲ့အတူကစားရမယ်ဆိုတာက အံ့ချီးဖွယ်ရာဖြစ်ပြီး ဆုဖလားတွေရယူနိုင်ဖို့လည်း တွန်းအားဖြစ်လာမှာပါ" လို့ ရက်ရှ်ဖို့ဒ်က ပြောဆိုခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။
 

"ကျွန်တော့်ဒဏ်ရာကနေ ပြန်လည်သက်သာနေပါပြီ၊ ပြန်ကစားနိုင်ပြီလို့တော့ ကျွန်တော်မပြောနိုင်ပေမယ့် တော်တော်လေးအခြေအနေကောင်းနေပါပြီ၊ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာအရ ဒီထက်ပိုကောင်းဖို့ကြိုးစားရဦးမှာပါ၊ ပြိးခဲ့တဲ့နှစ်က ကျွန်တော့်အတွက်အရမ်းရှည်လျားတဲ့ရာသီဖြစ်ခဲ့ပါတယ်၊ စက်တင်ဘာကုန်မှာ ဒဏ်ရာရခဲ့ပြီးတော့ တဖြည်းဖြည်းပိုဆိုးလာခဲ့ပေမယ့် အခုတော့ အပြည့်အဝကောင်းမွန်နေပါပြီ၊ အဲဒီတုန်းကထက် စိတ်ရောကိုယ်ပါပိုကောင်းလာပါတယ်" လို့ ရက်ရှ်ဖို့ဒ်က ထပ်ပြောသွားခဲ့ပါတယ်။ 

Share

က္က