ဖလားလက်မဲ့ရာသီကို ဖြတ်သန်းရတော့မှာပါ။

မနေ့ညက ကစားခဲ့တဲ့ အယ်လ်ဟီလာနဲ့ အယ်လ်နာဆာတို့ရဲ့ ဆော်ဒီစူပါဖလားပွဲ ဆီမီးဖိုင်နယ်ပွဲမှာ အယ်လ်ဟီလာက ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် အယ်လ်နာဆာတို့ ဆော်ဒီစူပါဖလား ဗိုလ်လုပွဲနဲ့ ဝေးကွာခဲ့ရပြီး ဖလားလက်မဲ့ရာသီတစ်ခုကို ဖြတ်သန်းရတော့မှာပါ။



အယ်လ်ဟီလာအတွက် ဂိုးတွေကို ပွဲကစားချိန် (၆၁) မိနစ်နဲ့ (၇၂) မိနစ်တို့မှာ အယ်လ်ဒေါစာရီနဲ့ မယ်လ်ကွန်တို့က သွင်းယူပေးခဲ့ပါတယ်။​ပွဲကစားချိန် (၈၆) မိနစ်မှာတော့ ရော်နယ်ဒိုတစ်ယောက် ပြိုင်ဘက်ကစားသမားနဲ့ အချင်းများခဲ့တာကြောင့် အနီကတ်ထိခဲ့ပါတယ်။

ကွင်းဘေးစည်းအပြင်ကို ထွက်သွားခဲ့တဲ့ ဘောလုံးကို ပြိုင်ဘက်ကစားသမားနဲ့ သွားလုရင်း ရော်နယ်ဒိုက ကိုယ်ထိလက်ရောက် ကျူးလွန်မိသလိုဖြစ်သွားတာကြောင့် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အနီကတ်ထိပြီးတဲ့နောက်မှာလည်း ဒိုင်လူကြီးကို ရွယ်ကာ ဘောလုံးကို လက်သီးနဲ့ထိုးမလို လုပ်ခဲ့ပါသေးတယ်။

အဲ့ဒီနောက်မှာတော့ အယ်လ်နာဆာအတွက် ချေပဂိုးတစ်ဂိုးကို ပွဲကစားချိန် မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပို (၉) မိနစ်မှာလည်း မာနေးက သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ချေပဂိုးထပ်ရဖို့ မလုံလောက်ခဲ့ဘဲ အယ်လ်နာဆာတို့ ဗိုလ်လုပွဲနဲ့ ဝေးကွာခဲ့ရပါတယ်။

ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့တဲ့ အယ်လ်ဟီလာကတော့ အယ်လ်အီတီဟတ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေခဲ့ပါတယ်။ အယ်လ်ဟီလာဟာ ဆော်ဒီပရိုလိဂ်မှာလည်း အယ်လ်နာဆာကို အမှတ်ဖြတ် ဦးဆောင်ထားသလို အခု ဆော်ဒီစူပါဖလားမှာလည်း အယ်လ်နာဆာကို ဖြုတ်ချခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က