ဒေါ့မွန်ရဲ့ တန်ဖိုးက ဆိုရှယ်မီဒီယာဖော်လိုဝါတွေပေါ် မမူတည်ဘူးလို့ ပြောခဲ့တာပါ။

ခရစ္စတီယာနိုရော်နယ်ဒိုက ဘယ်တုန်းကမှ ဒေါ့မွန်ရဲ့ ပစ်မှတ်မဟုတ်ခဲ့ဘူးလို့ ဒေါ့မွန်အားကစားဒါရိုက်တာကာစတန်ခရာမာက ပြောဆိုလိုက်ပါတယ်။ ဒီလိုပြောဆိုခဲ့ရာမှာ သူက ဒေါ့မွန်ရဲ့ တန်ဖိုးဟာ ဆိုရှယ်မီဒီယာပေါ်က ဖော်လိုဝါတွေအပေါ် မူတည်တာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပြီး ရော်နယ်ဒိုရဲ့ လူမှုကွန်ရက်ပေါ်က ပရိသတ်အင်အားက သူတို့အတွက်တော့ အရေးမကြီးဘူးဆိုတဲ့အကြောင်းကိုပါ ထည့်သွင်းပြောဆိုခဲ့တာပါ။ 

မန်ချက်စတာယူနိုက်တက်ကနေ ရော်နယ်ဒို အသင်းပြောင်းဖို့အတွက် ကြိုးစားနေချိန်မှာ ဒေါ့မွန်က သူ့ကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ရော်နယ်ဒိုဟာ ဆော်ဒီကလပ်အယ်လ်နာဆာကို ပြောင်းရွှေ့သွားခဲ့ပြီး လက်ရှိမှာတော့ အသင်းသစ်အတွက် ခြေစွမ်းပြကစားပေးနေပြီဖြစ်ပါတတယ်။ 

ရော်နယ်ဒိုနဲ့ပတ်သက်ပြီး Kicker နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ခရာမာက "အခြေခံအားဖြင့် ဒေါ့မွန်ရဲ့ တန်ဖိုးက ဆိုရှယ်မီဒီယာပေါ်က ဖော်လိုဝါတွေအပေါ်မှာ တည်မှီနေတာမဟုတ်ပါဘူး၊ ကျနော်တို့က ဘောလုံးအသင်းပါ၊ ဒါက အရေးကြီးတဲ့ သော့ချက်ပါပဲ၊ စျေးကွက်အတွင်းမှာ ကျနော်တို့ အကောင်းဆုံးအတွေးအခေါ်တွေရှိပါတယ်"

"ဒါပေမယ့် ဖရိုင်းဘတ်ကို အိမ်ကွင်းမှာ ၃-၀ နဲ့ ရှုံးတယ်ဆိုရင် ဒါတွေက အလုပ်မဖြစ်ဘူးလေ" လို့ သူက ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ အင်စတာဂရမ်မှာ ဖော်လိုဝါ ၅၄၉ သန်း၊ တွစ်တာမှာ ၁၀၈ သန်း၊ ဖေ့ဘွတ်ခ်မှာ ၁၆၁ သန်းအထိ ရှိနေတာဖြစ်ပြီး ဒေါ့မွန်အနေနဲ့ ရော်နယ်ဒိုကို ခေါ်ယူခဲ့မယ်ဆိုရင် အဆိုပါလူမှုကွန်ရက်တွေကနေ စပွန်ဆာဝင်ငွေအများအပြားရရှိနိုင်မှာဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ဒေါ့မွန်က သူတို့အနေနဲ့ အသင်းကို အမှတ်တံဆိပ်တခုတည်းနဲ့ တည်ဆောက်တာမျိုးကို မလိုလားဘဲ အရေးပါတဲ့ ရလဒ်တွေနဲ့သာ တည်ဆောက်ချင်တာလို့ ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ရော်နယ်ဒိုကို ခေါ်ယူဖို့ အခွင့်အရေးရှိပေမယ့်လည်း လက်လွှတ်ခံခဲ့ပြီး ဘာကြောင့်လဲဆိုတာကို အခုမှ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က