ပုံမှန်အတိုင်းဖြစ်ခဲ့တာလို့ ကာကွယ်ပြောဆိုပေးခဲ့တာပါ။

ကမ္ဘာ့ဖလားကို တိုက်ရိုက်သွားခွင့်နဲ့ လွဲချော်ခဲ့ရကာ ပလေးအော့အဆင့်ထပ်မံကစားရဖို့ရှိသွားခဲ့တဲ့နောက် အသင်းခေါင်းဆောင်ရော်နယ်ဒိုက စိတ်ပျက်ဒေါသထွက်နေခဲ့တာဖြစ်ပါတယ်။ 


ဆာဘီးယားနဲ့ပွဲအပြီးမှာ စိတ်ဆိုးဒေါသထွက်နေခဲ့တဲ့ ရော်နယ်ဒိုရဲ့ အပြုအမူနဲ့ပတ်သက်ပြီး ပေါ်တူဂီနည်းပြဖာနန်ဒိုဆန်းတို့စ်က ဘာများထူးဆန်းနေလို့လဲလို့ ဆိုလိုက်ပါတယ်။ အိမ်ကွင်းမှာပဲ ၁-၂ နဲ့ ပေါ်တူဂီတို့ အရေးနိမ့်ခဲ့ပြီး ကမ္ဘာ့ဖလားကို တိုက်ရိုက်သွားခွင့်နဲ့ လွဲချော်ခဲ့ရကာ ပလေးအော့အဆင့်ထပ်မံကစားရဖို့ရှိသွားခဲ့တဲ့နောက် အသင်းခေါင်းဆောင်ရော်နယ်ဒိုက စိတ်ပျက်ဒေါသထွက်နေခဲ့တာဖြစ်ပါတယ်။ 

ဖာနန်ဒိုဆန်းတို့စ်နဲ့ နှုတ်ဆက်ချိန်မှာလည်း ရော်နယ်ဒိုက သူ့ရဲ့စိတ်အခြေအနေကို ဟန်ဆောင်ခြင်းမရှိဘဲ ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒီအပြုအမူနဲ့ပတ်သက်​ပြီး ရော်နယ်ဒိုက နည်းပြကိုပါမလေးမစားနဲ့ ငေါက်ငမ်းနေခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေလည်းရှိနေခဲ့ပါတယ်။ ဒါပေမယ့် ဖာနန်ဒိုဆန်းတို့စ်ကတော့ သူ့ တပည့်နဲ့ပတ်သက်ပြိး ဒါက ဘာမှထူးခြားတာမဟုတ်ဘူးလို့ တုံ့ပြန်သွားခဲ့ပါတယ်။ 

"ဆာဘီးယားမှာကစားခဲ့တဲ့ ပွဲတုန်းက သူ သွင်းယူခဲ့တဲ့ နောက်ဆုံးမိနစ်ဂိုးကို ကွင်းလယ်ဒိုင်က ခွင့်မပြုခဲ့တာနဲ့ပတ်သက်ပြီး အခြားသူတွေကို သူပြောနေခဲ့တာပါ၊ ကျွန်တော်ရောက်သွားချိန်မှာလည်း သူ အဲဒါပဲပြောနေတာပါ၊ ကွင်းထဲမှာ သူပြောနေတာက ကျွန်တော်တို့ တစ်ဂိုးသွင်းခဲ့ပေမယ့်လည်း ဒိုင်က ခွင့်မပြုခဲ့ဘူးဆိုတာပဲ၊ ဒါပေမယ့် သူ့ရဲ့ပေါက်ကွဲမှုက ပုံမှန်ပါပဲ၊ ပွဲတပွဲပြီးသွားပြိးနောက် ဘာတွေဖြစ်ခဲ့တယ်၊ဘာတွေမဖြစ်ခဲ့ဘူးဆိုတာ ရှင်းပြဖို့ တစ်ယောက်မှ မရှိဘူးလေ"

"ကျွန်တော့်ကစားသမားတွေ ခေါင်းမော့ထားဖို့အတွက် ကျွန်တော်သွားခဲ့တာပါ" လို့ ဖာနန်ဒိုဆန်းတို့စ်က ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အသင်းအရေးနိမ့်တဲ့အချိန်တိုင်း၊ သူ ဂိုးမသွင်းနိုင်တဲ့အချိန်တိုင်းမှာ ပေါက်ကွဲလေ့ရှိတဲ့ကစားသမားဖြစ်ပြီး အရင်ကလည်း ဒီလိုအပြုအမူမျိုးကို ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ဖူးသူဖြစ်ပါတယ်။ ဒါကြောင့်လည်း ဖာနန်ဒိုဆန်းတို့စ်က ထူးဆန်းနေတာမဟုတ်ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

Share

က္က