ဒီလအတွင်းမှာ ခေါ်ယူနိုင်ဖို့ကို အာတီတာက မျှော်လင့်နေတာပါ။

အာဆင်နယ်အသင်းဟာ သူတို့ရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဖီအိုရင်တီးနားတိုက်စစ်မှူးဗလာဟိုဗစ်ကို ခေါ်ယူဖို့အတွက်ဆိုရင်​ ပေါင်သန်း ၁၅၀ အထိ ကုန်ကျမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီရာသီစီးရီးအေမှာ ခြေစွမ်းပြနေတဲ့ ဆာဘီးယားတိုက်စစ်မှူးကို အော်ဘာမီယန်နေရာမှာ အစားထိုးဖို့ အာတီတာက ဆန္ဒရှိနေပေမယ့် ငွေကုန်ကြေးကျများပြားမှုက ပြသနာဖြစ်လာဖွယ်ရှိနေပါတယ်။ 

ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို​ ပေါင် ၅၈ သန်း ပေးချေရမယ်လို့ သိရပြီး လုပ်ခလစာအဖြစ်ကတော့ အခွန်ပါအပြီး တပတ်ပေါင် ၃ သိန်းအထိ ကျသင့်မယ်လို့ Daily Mail က ဆိုပါတယ်။ ဒီအတွက် ဗလာဟိုဗစ်အပြောင်းအရွှေ့မှာ ၅ နှစ်စာချုပ်ချုပ်ဆိုမယ်ဆိုပါက စုစုပေါင်းကုန်ကျမယ့် ပမာဏဟာ ပေါင်သန်း ၁၅၀ အထိရှိသွားမှာဖြစ်ကာ တော်တော်လေးများပြားတဲ့ ပမာဏလည်းဖြစ်ပါတယ်။ 

လက်ရှိဥရောပရဲ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တဦးဖြစ်လာတဲ့ ဗလာဟိုဗစ်ကို အသင်းအများအပြားက အလိုရှိနေလို့လည်း အာဆင်နယ်က အမြန်ဆုံးလက်ဦးမှုရယူချင်နေပါတယ်။ အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၂၃ ဂိုးအထိ ရရှိထားကာ ရော်နယ်ဒိုရဲ့ ပြက္ခဒိန်တနှစ်တာအတွင်း စီးရီးအေသွင်းဂိုးစံချိန်ကို လိုက်မီထားခဲ့သူလည်းဖြစ်နေပါတယ်။ 

အာဆင်နယ်အတွက်တော့ စျေးနှုန်းက တော်တော်လေးမြင့်မားနေပေမယ့်လည်း လာမယ့်နွေရာသီမှာဆိုရင် လက်ရှိတန်ဖိုးထက် ပိုမိုများပြားလာနိုင်မှာကိုလည်း အာဆင်နယ်က စိုးရိမ်နေပါတယ်။ ဖီအိုရင်တီးနားကလည်း သူတို့ကစားသမားကို ရောင်းချချင်စိတ်မရှိပေမယ့် ကစားသမားကိုယ်တိုင်က အသင်းပြောင်းရွှေ့ချင်စိတ်ပြင်းပြနေတာမို့ သူတို့အလိုရှိတဲ့ ပြောင်းရွှေ့ကြေးကို ရရှိမယ်ဆိုရင် လက်လွှတ်ခံသွားဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ 

ဒီရာသီမှာ အော်ဘာမီယန်က ခြေစွမ်းမပြနိုင်ခဲ့သလို အသင်းတွင်းစည်းကမ်းပိုင်းဆိုင်ရာအားနည်းချက်တွေကြောင့် လူစာရင်းကနေတောင် ချန်လှပ်ခံထားခဲ့ရပါတယ်။ လက်ရှိမှာ ဂါဘွန်နဲ့အတူ အာဖရိကဖလားပွဲကစားဖို့ရောက်ရှိနေပေမယ့် အသင်းနဲ့မပူးပေါင်းခင် ပါတီပွဲတက်ခဲ့ပြီးနောက် ကိုဗစ်ကူးစက်ခံထားရလို့ အဖွင့်ပွဲ ၂ ပွဲကို လွဲချော်ဦးမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က