မက်ဆီက ရာသီကုန်မှာ ပီအက်စ်ဂျီနဲ့ လမ်းခွဲတော့မှာပါ။

ရာသီကုန်မျာ ပီအက်စ်ဂျီကနေ ထွက်ခွာတော့မယ့် မက်ဆီကို ကြီးမားတဲ့ကမ်းလှမ်းမှုတွေပြုလုပ်သွားဖို့ ဆော်ဒီအစိုးရဘက်က စီစဉ်နေကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ မက်ဆီက အသင်းကနေ ထွက်ခွာမယ့်အကြောင်းကို သူ့ရဲ့အ​ေးဂျင့်အဖြစ် ဆောင်ရွက်ပေးနေတဲ့ မက်ဆီရဲ့ဖခင် ဂျော့မက်ဆီက ပြီးခဲ့တဲ့တလလောက်ကတည်းက ပြောဆိုထားပြီပြီလို့လည်း ဆိုပါတယ်။ 

မက်ဆီက ဘယ်အသင်းကို ပြောင်းရွှေ့မလဲဆိုတာကို မသိရသေးပေမယ့်လည်း ဆော်ဒီကလပ်အယ်လ်ဟီလယ်က မက်ဆီအတွက် ကမ်းလှမ်းမှုပြုလုပ်ထားပြီးဖြစ်ကာ သမိုင်းတလျှောက် လုပ်ခလစာအများဆုံရမယ့် အားကစားသမားအဖြစ် နဲ့ရှိလာမယ့် ကမ်းလှမ်းမှုမျိုးလို့လည်း ဆိုပါတယ်။ 

ဆော်ဒီကို ခရီးထွက်သွားခဲ့တဲ့ မက်ဆီရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ပီအက်စ်ဂျီက ၂ပတ်အထိ ပွဲကစားခွင့်၊ လေ့ကျင့်ခွင့်တွေ ပိတ်ပင်ခဲ့ပြီးနောက်မှာ ဒီသတင်းကထွက်ပေါ်လာခဲ့တာပါ။ မက်ဆီဟာ တနှစ်အတွက် လုပ်ခ ပေါင်သန်း ၃၂၀ အထိ ရရှိမယ်လို့သိရပြီး ဒါဟာ အယ်လ်နာဆာမှာ ရော်နယ်ဒိုရရှိနေတဲ့ လုပ်ခလစာရဲ့ ၂ ဆဖြစ်ပါတယ်။ 

ဒီကမ်းလှမ်းမှုဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာကတည်းက ရောက်ရှိနေခဲ့ပြီးပြီလို့ သိရကာ မက်ဆီက လာမယ့်နွေရာသီမှာ သူ Free Agent ဖြစ်ချိန်မှာ ကြီးမားတဲ့ ဆုံးဖြတ်ချက်တခုချမှတ်သွားဖို့ ပြင်ဆင်ထားပြီးပြီလို့လည်း ဆိုပါတယ်။ ဒီအပြောင်းအရွှေ့မှာ မန်စီးတီးစီအီးအိုဟောင်း ဂယ်ရီကွတ်ခ်ပါဝင်နေတယ်လို့ သိရပြီး သူဟာ ဒီနှစ်အစကမှ ဆော်ဒီပရိုလိဂ်ရဲ့ စီအီးအိုအဖြစ် ခန့်အပ်ခံထားရသူဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က