ဖောရက်စ်နဲ့ပွဲမှာတော့ အဆိုးရွားဆုံးခြေစွမ်းဖြစ်ခဲ့ပါတယ်။

နော်တင်ဟမ်ဖောရက်စ်နဲ့ ကစားခဲ့တဲ့ မနေ့ကပွဲကတော့ လီဗာပူးလ်နဲ့ ဆာလာတို့အတွက် မမေ့နိုင်စရာပွဲဖြစ်လာခဲ့ပါပြီ။ အီဂျစ်တိုက်စစ်မှူးဟာ ပွဲချိန်ပြည့်ဝင်ရောက်ကစားခဲ့ပေမယ့် အသင်းက ၁-၀ နဲ့ အရေးနိမ့်ခဲ့သလို သူကိုယ်တိုင်လည်း ခြေစွမ်းမပြနိုင်ဖြစ်ခဲ့ရပြီး အမှတ်ပေးဇယားအောက်ဆုံးကအသင်းကို ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ 

လီဗာပူးလ်က ဘောလုံးပိုင်ဆိုင်မှု ၇၆% အထိ ရရှိခဲ့ကာ ပွဲကိုလွှမ်းမိုးနိုင်ခဲ့ပေမယ့်လည်း ဆာလာကတော့ ၆ ကြိမ်ပေးပို့မှုလုပ်ခဲ့ရာမှာ ၄ ကြိမ်တည်းသာ အောင်မြင်တဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။ တပွဲလုံးမှာ လီဗာပူးလ်က ပေးပို့မှုပေါင်း ၆၈၁ ကြိမ်ရှိခဲ့ပြီး ဆာလာက အဆိုပါပမာဏရဲ့ ၁% သာ အောင်မြင်ခဲ့တာဖြစ်လို့ သူ့အတွက်တော့ စိတ်ပျက်စရာကောင်းတဲ့နေ့တနေ့ဖြစ်ခဲ့ရပါတယ်။


ဆာလာထက် ပေးပို့မှု နဲ့ ထိချက်နည်းပါးတဲ့ ကစားသမားက တဦးတည်းသာရှိခဲ့ပြီး အဲဒီသူကတော့ ဒုတိယပိုင်းမှာမှ လူစားဝင်လာခဲ့တဲ့ ချိန်ဘာလိန်ဖြစ်ပြီး ဘောလုံးထိချက်တကြိမ်တည်းသာရှိခဲ့ပါတယ်။ ဆာလာက ဘောလုံးထိချက် ၂၂ ကြိမ်သာရှိခဲ့ပြီး လေးကြိမ်ကန်သွင်းခွင့်ရခဲ့ပေမယ့် ဂိုးပေါက်တည့်မှုနှစ်ကြိမ်တည်းသာရှိခဲ့ပါတယ်။ ဒါ့အပြင် Dribble လုံး၀မလုပ်နိုင်ခဲ့ဘဲ ပြိုင်ဘက်အသင်းရဲ့ လက်ဦးမှုကိုလည်း ၅ ကြိမ်အထိ ရင်ဆိုင်ခဲ့ရပါတယ်။ 

ဒီရာသီမှာ လိဂ်ဂိုး ၃ ဂိုးတည်းသာရရှိထားပြီး ဒါဟာ ပုံမှန်ပွဲထွက်ခွင့်မရသလို အသက်အရွယ်ကြောင့် ခြေစွမ်းပြနိုင်ဖို့ အားထုတ်နေရတဲ့ ရော်နယ်ဒိုထက် ၂ ဂိုးတည်းသာ ပိုများနေတာဖြစ်ပါတယ်။ မာနေးထွက်ခွာသွားပြီးနောက်မှာ ဆာလာလည်း ရုန်းကန်နေရပြီး ပြီးခဲ့တဲ့ရာသီက ပွဲစဉ် ၁၁ အပြီးမှာ ၁၀ ဂိုးအထိ ရခဲ့တာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သူ့ရဲ့ သွင်းဂိုးအရေအတွက်က ၃ ဆအထိ လျော့ကျခဲ့တာကို မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က