ရော်နယ်ဒိုရဲ့အပြောင်းအရွှေ့အပေါ် ချီလီနီက စိတ်တိုင်းမကျဖြစ်နေတာပါ။

ဂျူဗင်တပ်စ်ရဲ့ ဂန္တဝင်နောက်ခံလူကြီး ချီလီနီက သူ့အသင်းအနေနဲ့ ရော်နယ်ဒို ရုတ်တရက်ထွက်ခွာသွားတဲ့အပေါ် ရှော့ခ်ရခဲ့ပြီး ရော်နယ်ဒိုအနေနဲ့ အပြောင်းအရွှေ့ကာလမှာ အခုထက် ပိုမိုစောလျင်စွာထွက်သွားခဲ့သင့်တယ်လို့ ဆိုပါတယ်။



ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ရဲ့ နောက်ဆုံးရက်သတ္တပတ်အတွင်းကိုရောက်မှ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး သူနဲ့အေးဂျင့် ဂျော့ချ်မန်ဒက်စ်တို့က ဂျူဗင်တပ်စ်နဲ့ထားရှိတဲ့ သဘောတူညီမှုကို ချိုးဖောက်ခဲ့တယ်လို့လည်း စွပ်စွဲမှုတွေရှိနေတာပါ။

ဂျူဗင်တပ်စ်ဟာ ရော်နယ်ဒို အသင်းပြောင်းမယ်ဆိုရင် အစားထိုးခေါ်ယူမှုတွေ ပြန်လည်ပြုလုပ်ဖို့အတွက် သြဂုတ် (၁၅) နောက်ဆုံးထား အသင်းပြောင်းရွှေ့ဖို့ သဘောတူပြောဆိုထားပေမယ့် ရော်နယ်ဒိုကတော့ အပြောင်းအရွှေ့မပိတ်ခင် တစ်ပတ်တောင်မလိုတော့ချိန်မှ ယူနိုက်တက်နဲ့ ရုတ်တရက်သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်ဟာ ရော်နယ်ဒိုနေရာအတွက် မွိုက်ဆီကင်းန်ကိုသာ အဆင်ပြေသလို အငှားနဲ့အစားထိုးခေါ်ယူခဲ့ရပြီး ရာသီအစပိုင်းမှာလည်း ရလဒ်ဆိုးတွေနဲ့ ရုန်းကန်ခဲ့ရတာပါ။ အဲ့ဒီလိုဖြစ်ပွားခဲ့တာတွေကြောင့် ရော်နယ်ဒိုရဲ့ အပြောင်းအရွှေွှပြောင်းအန်းကန်ခဲ့ရတာပါ။ အဲ့ဒါခေါ်ော့ချိန်မးပေမ့နဲ့ပတ်သက်လို့ ချီလီနီက အခုလိုပြောကြားခဲ့ပါတယ်။

ချီလီနီက “ကျွန်တော်တို့နဲ့ ရော်နယ်ဒိုအကြား ဆက်ဆံရေးက ဘယ်လိုဖြစ်လဲဆိုတာ ရှင်းပြပါမယ်။ သူ့အနေနဲ့က ရည်မှန်းချက်အသစ်တွေအပြင် သူ့အတွက် ကစားပေးမယ့်အသင်းကို လိုအပ်တဲ့အချိန်ဖြစ်နေပါပြီ။ ဘာလို့ သူက အဲ့ဒီလိုအသင်းမျိုးကိုရှာရလဲဆိုတော့ သူက အခုချိန်မှာ ပွဲကိုအဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားဖြစ်နေလို့ပါ”

“ဒါကို သူက ကျွန်တော်တို့နဲ့အတူရော၊ ဒီလပိုင်းတွေမှာရော သက်သေပြခဲ့ပြီးပါပြီ။ ဂျူဗင်တပ်စ်မှာက ငယ်ရွယ်နုပျိုမှုတွေနဲ့ သွေးသစ်လောင်းမယ့်အစီအစဥ်က စတင်နေပါပြီ။ တကယ်လို့ သူ အသင်းမှာဆက်နေရင် အသင်းအတွက် အပိုဆုတစ်ခုဖြစ်လာနိုင်ပေမယ့် သူကိုယ်တိုင်က လက်ရှိအချိန်ထက် အနာဂတ်ကို ပိုမိုတွေးတောနေတာကလည်း ပုံမှန်ဖြစ်ရပ်တစ်ခုပါပဲ”

“ရော်နယ်ဒိုက သြဂုတ် (၂၈) မှာ အသင်းက ထွက်သွားခဲ့ပါတယ်။ တကယ်လို့ သူသာ အဲ့ဒီထက် ပိုပြီးစောစော အသင်းပြောင်းခဲ့ရင် ကျွန်တော်တို့အတွက် ပိုကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီအတွက် ပေးဆပ်ခဲ့ရတယ်၊ ရှော့ခ်ရခဲ့တယ်၊ အမှတ်တွေလည်း ဆုံးရှုံးခဲ့ရပါတယ်”

“သူသာ စောစောထွက်သွားရင် ကျွန်တော်တို့အတွက် ပိုကောင်းတဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ အချိန်ပိုရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဟာ လက်ရှိအချိန်မှာ အသွင်ကူးပြောင်းကာလကို ရောက်ရှိနေတယ်လို့ဆိုနိုင်ပြီး ရော်နယ်ဒိုထွက်ခွာသွားတဲ့အပေါ်မှာတော့ ဂျူဗင်တပ်စ်ဘက်တော်သားတွေဆီက ဝေဖန်သံတွေမကြာခဏထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က