ရော်နယ်ဒိုကို ပီယာ့စ်မော်ဂန်က ကာကွယ်ပေးခဲ့တာပါ။

ရော်နယ်ဒိုနဲ့ရင်းနှီးတဲ့မိတ်ဆွေ ပီယာ့စ်မော်ဂန်က ရော်နယ်ဒိုသာမရှိရင် ယူနိုက်တက်က တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရမယ့်အသင်းဖြစ်ကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ရော်နယ်ဒို ယူနိုက်တက်ကနေထွက်ခွာဖို့ ကြိုးစားနေတဲ့အပေါ်မှာလည်း မော်ဂန်က ထောက်ခံပြောကြားခဲ့ပါတယ်။



ရော်နယ်ဒိုဟာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ဆန္ဒပြင်းပြနေပြီး အချိန်ကြာလာတာနဲ့အမျှ ယူနိုက်တက်ပရိသတ်တွေကပါ သူ့အပေါ် ငြိုငြင်လာကြပါတယ်။ အဲ့ဒါကြောင့်လည်း ပီယာ့စ်မော်ဂန်က “ရော်နယ်ဒိုက သူ့ကိုယ်သူ ပုပ်ပွတဲ့အကြောင်းပြချက်တွေနဲ့ ပြည့်နှက်နေတဲ့ အသင်းကြီးကနေ ကယ်တင်နေတာပါ။ ဒီအသင်းက သူ့ရဲ့ ထာဝရအကောင်းဆုံးဆိုတဲ့အစွယ်အသွားတွေကို ချိုးဖျက်လိုက်နိုင်ပါတယ်”

“သူ့အသက်က (၃၇) နှစ်ရှိပြီဆိုပေမယ့် သူက ကစားသမားအများစုထက် ကြံ့ခိုင်မှုပြည့်ဝနေဆဲပါ။ ပြီးခဲ့တဲ့ရာသီမှာလည်း သူက ပရီးမီးယားလိဂ်မှာ (၁၈) ဂိုးသွင်းခဲ့ပြီး ရွှေဖိနပ်ဆု ပူးတွဲရသွားတဲ့ ဆွန်ဟောင်မင်၊ ဆာလာတို့ပြီးရင် သူ ဂိုးသွင်းအများဆုံးပါပဲ။ သနားဖို့ကောင်းတဲ့ မီဒီယာသမားတွေကတော့ ယူနိုက်တက်ရဲ့ မပြေလည်မှုတွေအတွက် ရော်နယ်ဒိုကို အဓိပ္ပာယ်လုံးဝမရှိဘဲ အပြစ်တင်နေကြပါတယ်”

“ရော်နယ်ဒိုသာမရှိရင် ယူနိုက်တက်က တန်းမဆင်းရရေးအတွက်တောင် ရုန်းကန်တိုက်ပွဲဝင်နေရဦးမယ့်အသင်းပါ။ ရော်နယ်ဒိုက ဒီရက်ပိုင်းမှာ ရည်မှန်းချက်မရှိတဲ့ ယူနိုက်တက်ကြောင့်၊ လူငယ်ကစားသမားအများစုရဲ့ ဆိုးရွားလှတဲ့ ခံယူချက်တွေကြောင့် ယူနိုက်တက်ပရိသတ် အူစိန်ဘော့ထက် ပိုမြန်တဲ့နည်းလမ်းနဲ့ ယူနိုက်တက်ကနေ အမြန်ဆုံးထွက်ပြေးချင်နေပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။

တန်ဟက်ခ်ကိုယ်တိုင်ကလည်း ဗယ်လက်ကာနိုနဲ့ပွဲမှာ ပွဲမပြီးခင် စောစောစီးစီး အိမ်ပြန်သွားတဲ့ ရော်နယ်ဒိုရဲ့ အပြုအမူနဲ့ပတ်သက်လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။ ဒီစကားတွေကြောင့်လည်း ယူနိုက်တက်နဲ့ရော်နယ်ဒိုအကြား ဆက်ဆံရေးက ပိုမိုဆိုးရွားလာခဲ့ပြီး ကာရေဂါကလည်း ရော်နယ်ဒိုကို အခြားအသင်းတွေအပြင် တန်ဟက်ခ်နဲ့ အသင်းဖော်တွေကတောင် လိုချင်တော့မှာမဟုတ်ဘူးလို့ ဝေဖန်ပြောကြားထားပါတယ်။ 

Share

Loading Next Article...
က္က