ရော်နယ်ဒို အသင်းကထွက်သွားဖိုု့ ပေါလ်မာဆင်က ထပ်ပြောလာခဲ့တာပါ။

ဘောလုံးဝေဖန်သုံးသပ်ရေးသမားတယောက်အဖြစ် ဆောင်ရွက်နေတဲ့ ပေါလ်မာဆင်က ရော်နယ်ဒိုနဲ့ ပတ်သက်လို့ ထပ်မံဝေဖန်လာခဲ့ပြီး သူ ယူနိုက်တက်က ထွက်ခွာသွားမယ်ဆိုရင် နှစ်ဖက်လုံးအတွက် အကျိုးရှိနိုင်မယ်လို့ ပြောကြားလာပါတယ်။ ဆိုးလ်ရှားအထုတ်ခံရချိန်မှာ ဆိုးလ်ရှားရဲ့ ရာသီကြိုအစီအစဥ်တွေ ပျက်စီးခဲ့ရတာက ရော်နယ်ဒို ရောက်လာတာကြောင့်လို့ ပေါလ်မာဆင်က ပြောခဲ့သေးတာပါ။



လက်ရှိအချိန်မှာလည်း ဒီအာဆင်နယ်ကစားသမားဟောင်းကြီးက သူ့ရဲ့ရေးသားနေကျ အစီအစဥ်မှာ “ရော်နယ်ဒိုအနေနဲ့ လာမယ့်နွေရာသီမှာ ယူနိုက်တက်က ထွက်သွားဖို့ ဆုံးဖြတ်ဖွယ်ရှိပါတယ်။ ယူနိုက်တက်သာ ထိပ်ဆုံး (၄) သင်းစာရင်းမဝင်ရင် သူ သေချာပေါက် ထွက်သွားပါလိမ့်မယ်”

“ဘာကြောင့်လဲဆိုတော့ သူက သူ့ရဲ့ ကစားသမားဘဝကို ချန်ပီယံလိဂ်ဖလားနဲ့အတူ အဆုံးသတ်ချင်တာလေ။ လက်ရှိယူနိုက်တက်ရဲ့အခြေအနေနဲ့ ချန်ပီယံလိဂ်ဖလားက မဖြစ်နိုင်ပါဘူး”

“အသင်းအနေအထားက အပြောင်းအလဲတွေအကြား ရောက်နေပြီး ဒီတပတ် ချဲလ်ဆီးနဲ့ပွဲမှာလည်း ရှုံးဖို့များပါတယ်။ ရော်နယ်ဒိုသာ ထွက်သွားရင် အားလုံးအတွက် ကောင်းသွားမှာပါ”

“ဘာဖြစ်လို့လဲဆိုတော့ ယူနိုက်တက်က အမြဲတမ်းနည်းပြအဖြစ် ပိုချက်တီနိုကို ခန့်မယ်ဆိုရင် ပိုချက်တီနိုက တိုက်စစ်ကနေစတင်ပြီး ပြိုင်ဘက်ကို ဖိအားပေးချင်တာပါ။ ဒါပေမယ့် ရော်နယ်ဒိုရှိနေရင်တော့ ဒါက အဆင်မပြေပါဘူး” လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ ကစားပုံက ခေတ်သစ် Pressing Game နဲ့ အဆင်မပြေဘူးလို့ ဝေဖန်သံတွေ တော်တော်များများ ထွက်ပေါ်နေတာပါ။

ရော်နယ်ဒိုက ဆိုးလ်ရှားနဲ့ ယူနိုက်တက်ကို အကြိမ်ကြိမ် ကယ်တင်ခဲ့ဖူးပေမယ့် တကယ့်ကစားကွက်မှာ လိုက်ပါစီးမျောနိုင်ခြင်းမရှိသလို လက်ရှိယာယီနည်းပြ ရန်းနစ်ဂ်ရဲ့ ကစားကွက်ကလည်း ရော်နယ်ဒိုအတွက် ခက်ခဲမယ့် ကစားကွက်ဖြစ်နေတာကြောင့် နည်းပြပြောင်းတာတောင် ရော်နယ်ဒို ဆက်လက်ရုန်းကန်ရဦးမယ်လို့ သုံးသပ်နေကြတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က