ရူဘင်ဒီယက်စ်က ပြောကြားခဲ့တာပါ။

မန်စီးတီးရဲ့ ပေါ်တူဂီလက်ရွေးစင် နောက်ခံလူ ရူဘင်ဒီယက်စ်က ပေါ်တူဂီရဲ့ ကမ္ဘာ့ဖလားအိပ်မက်အတွက် ရော်နယ်ဒိုတယောက်တည်းအပေါ် မျှော်လင့်ချက်တွေ ပုံကျနေလို့မရကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ (၂၀၂၂) ကာတာကမ္ဘာ့ဖလားကို လာမယ့် နိုဝင်ဘာမှာ စတင်ကျင်းပတော့မှာဖြစ်ပြီး ရော်နယ်ဒိုအတွက်လည်း နောက်ဆုံးသော ကမ္ဘာ့ဖလားဖြစ်လာနိုင်ပါတယ်။



ရော်နယ်ဒိုဟာ ပေါ်တူဂီနဲ့အတူ ယူရို၊ နေးရှင်းလိဂ် ဆုဖလားတွေကို ဆွတ်ခူးထားနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားကသာ သူ့အတွက် လိုအပ်တော့တဲ့ တခုတည်းသော မျှော်လင့်ချက်လို့ ဆိုရမှာပါ။ ဒီပြိုင်ပွဲအတွက် ရော်နယ်ဒိုက အများကြီး အားခဲထားပြီး ပရိသတ်တွေကလည်း ရော်နယ်ဒို ဒါမှမဟုတ် မက်ဆီတို့ အနားမယူခင်မှာ သူတို့ရဲ့လက်ရွေးစင်အသင်းတွေနဲ့အတူ ကမ္ဘာ့ဖလားမှာ အောင်ပွဲခံသွားတာကို မြင်တွေ့လိုနေကြပါတယ်။

ဒါနဲ့ပတ်သက်လို့ ရူဘင်ဒီယက်စ်က “ရော်နယ်ဒိုရဲ့အဆင့်အတန်းနဲ့ပတ်သက်လို့ ဘာသံသယမှဖြစ်စရာ မရှိပါဘူး။ ရော်နယ်ဒိုက ရော်နယ်ဒိုပါပဲ။ ဒီ့ထက်လည်း ဘာမှထပ်ပြောစရာမရှိတော့ပါဘူး။ ဒါပေမယ့် ကျနော်တို့ဆီမှာ ရော်နယ်ဒိုအပြင် ဘာနာဒိုဆေးလ်ဗား၊ ကန်ဆယ်လို၊ ပီပီ၊ ရူဘင်ဒီယက်စ်၊ ရာဖေးလ်လီယာအို၊ ဘရူနိုဖာနန်ဒက်စ်၊ နူနိုမန်ဒက်စ်၊ ဒန်နီလိုပါရဲရားနဲ့ ဂျိုတာတို့လည်းရှိနေပြီး သူတို့ကိုလည်း ထည့်သွင်းစဥ်းစားရပါမယ်”

“ရော်နယ်ဒိုက ကျနော်တို့အတွက် အရမ်းကိုအရေးပါတဲ့ ကစားသမားတယောက်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ကျနော်တို့က တခုခု ထူးခြားခမ်းနားတာကို လုပ်ဖို့အတွက်ဆိုရင်တော့ အားလုံးအတူတကွ ပူးပေါင်းနိုင်ရမယ်ဆိုတာကို နားလည်ဖို့လိုအပ်ပါတယ်။ ကျနော်တို့မှာ တယောက်ချင်းစွမ်းဆောင်ရည် မကောင်းတဲ့သူဆိုတာ မရှိပါဘူး။ ဒီတော့ ကျနော်တို့လိုအပ်တာက အားလုံးရဲ့ တဦးချင်းစွမ်းဆောင်ရည်တွေကို စုပေါင်းပြီး အကောင်းဆုံးလုပ်ပြနိုင်မယ့်နည်းလမ်းကို ရှာဖွေတာပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ပွဲထွက်ကစားသမားအဖြစ် ပြိုင်ပွဲစုံ (၃) ပွဲသာ ပါဝင်ကစားခွင့်ရရှိထားပါတယ်။ ဒါပေမယ့် ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်ကတော့ ရော်နယ်ဒိုနဲ့ပတ်သက်လို့ အပြည့်အဝ ထောက်ခံပေးထားပြီး ရော်နယ်ဒိုအနေနဲ့လည်း လာမယ့် နိုင်ငံတကာ ရက်သတ္တပတ်မှာ ပေါ်တူဂီအသင်းခေါင်းဆောင်အဖြစ် အကောင်းဆုံးခြေစွမ်းပြနိုင်ဖို့ လိုအပ်နေပါတယ်။ 

Share

Loading Next Article...
က္က