ကာရေဂါက မက်ဂွိုင်းရားကို ကာကွယ်ပေးခဲ့တာပါ။

လီဗာပူး ဂန္တဝင်နောက်ခံလူဟောင်းကြီး ကာရေဂါက ယူနိုက်တက်အသင်းတွင်းမှာ အသင်းခေါင်းဆောင်ရာထူးနဲ့ပတ်သက်လို့ ရော်နယ်ဒိုရှိနေကတည်းက အားပြိုင်မှုတွေရှိခဲ့ပြီး အဲ့ဒီအချိန်မှာ မက်ဂွိုင်းရား ကျဆင်းသွားခဲ့တာလို့ ကာရေဂါက သုံးသပ်ခဲ့ပါတယ်။



ကာရေဂါက ပြီးခဲ့တဲ့နွေရာသီမှာ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ အိုနာနာက မက်ဂွိုင်းရားကို ကွင်းအတွင်း အော်ဟစ်ခဲ့တာနဲ့ ပတ်သက်လို့လည်း မက်ဂွိုင်းရားကို ကာကွယ်ပေးခဲ့ပါတယ်။ အဆိုပါပွဲမှာ မက်ဂွိုင်းရားက အမှားကျူးလွန်မိခဲ့တာကြောင့် အိုနာနာက ကွင်းအတွင်းမှာတင် အော်ဟစ်ကြိမ်းမောင်းခဲ့တာပါ။

ကာရေဂါက “ကျွန်တော် ဒီဖြစ်ရပ်ကို မြင်လိုက်ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ မက်ဂွိုင်းရားက အသင်းခေါင်းဆောင်တစ်ယောက်အဖြစ်ရှိနေဆဲပါ။ သူ့အနေနဲ့ ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်ပြီး အိုနာနာကို ပင်နယ်တီဧရိယာထဲ နေခိုင်း၊ လေးစားမှုထားခိုင်းလိုက်မှာပါ။ ဒါပေမယ့် မက်ဂွိုင်းရားက ယုံကြည်မှုရော၊ ဩဇာအာဏာပါ ပျက်စီးနေခဲ့ပါပြီ”

“ဒါမျိုးက ရော်နယ်ဒို ယူနိုက်တက်ကို ရောက်လာချိန် အဝတ်လဲခန်းအတွင်း အားပြိုင်မှုတွေရှိနေပြီလို့ သတင်းထွက်လာကတည်းကပါ။ အဲ့ဒီအချိန်မှာပဲ မက်ဂွိုင်းရားရဲ့ ကျဆင်းဆုတ်ယုတ်မှုတွေက ပိုမို အခြေအနေဆိုးလာခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

မက်ဂွိုင်းရားဟာ ပြီးခဲ့တဲ့နွေရာသီမှာ အသင်းခေါင်းဆောင်ရာထူးကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီး ပုံမှန်ပွဲထွက်ခွင့်လည်း ပျောက်ဆုံးသွားခဲ့ပါပြီ။ လက်ရှိမှာတော့ ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် ဘရူနိုဖာနန်ဒက်စ်က တာဝန်ယူလျက်ရှိပါတယ်။ 

Share

Loading Next Article...
က္က