မနေ့ညက ကစားခဲ့တဲ့ အယ်လ်နာဆာနဲ့ အယ်လ်ဟီလယ်တို့ရဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်ကတော့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပါတယ်။ ဒီပွဲမှာ အယ်လ်နာဆာက အိမ်ကွင်းမှာ စောစောစီးစီး ဦးဆောင်နိုင်ခဲ့တာပါ။



အိုတာဗီယိုက ပွဲအစ (၁) မိနစ်မှာတင် ရော်နယ်ဒိုရဲ့ ပေးပို့မှုကတစ်ဆင့် ဧရိယာထိပ်ကနေ ကန်သွင်းပြီး အယ်လ်နာဆာအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ အယ်လ်နာဆာတို့ အနိုင်သေချာစေမယ့် နောက်ထပ်ဂိုးတစ်ဂိုးရရှိဖို့ အခွင့်အရေးကောင်းရရှိခဲ့တာပါ။

ဒါပေမယ့် ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့ အပိုင်ကန်သွင်းခွင့်ရတဲ့ အနေအထားမှာ ရော်နယ်ဒိုရဲ့ ကန်ချက်က အံ့အားသင့်ဖွယ် ကောင်းလောက်အောင်ကို လွဲချော်သွားခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ ကန်ချက်က ဂိုးပေါက်သာ တည့်ခဲ့ရင် သေချာပေါက် ဂိုးရနိုင်ခြေရှိခဲ့တာပါ။

ဒါပေမယ့်လည်း အခွင့်အရေးကောင်းတစ်ရပ်ကို ရော်နယ်ဒိုက ဖြုန်းတီးပစ်ခဲ့ပါတယ်။ ပွဲပြီးခါနီး မိနစ် (၉၀)​ ရဲ့ နာကျင်အချိန်ပိုမှာတော့ အယ်လ်နာဆာတို့ ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။ ပင်နယ်တီကတစ်ဆင့် မီထရိုဗစ်က သွင်းယူခဲ့တာဖြစ်ပြီး အယ်လ်လီလယ်ကတော့ အယ်လ်နာဆာနဲ့ တွေ့တိုင်း ရလဒ်ကောင်းတဲ့ အစဉ်အလာကို ဆက်ထိန်းခဲ့ပါတယ်။

အယ်လ်ဟီလယ်က လက်ရှိအချိန်မှာ ဆော်ဒီအမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးထားပြီးဖြစ်ပါတယ်။ ဒုတိယနေရာက အယ်လ်နာဆာကတော့ အယ်လ်ဟီလယ်နဲ့ တွေ့တိုင်း အသာမရတဲ့ အစဉ်အလာကို ချိုးဖျက်ဖို့ ကြိုးစားခဲ့ပေမယ့် အိမ်ကွင်းမှာ သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က