ရော်နယ်ဒိုဟာ ယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့ပြီးနောက် အသင်းအတွက် ၃ပွဲကစားပေးထားရာမှာ ၄ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။
ယူနိုက်တက်နည်းပြဆိုးလ်ရှားက အသင်းအတွက် ရော်နယ်ဒိုတာဝန်ယူပေးထားတဲ့ သွင်းဂိုးတာဝန်တွေကို လျှော့ချပေးဖို့အတွက် အခြားသောတိုက်စစ်မှူးတွေကို တောင်းဆိုလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့ပြီးနောက် အသင်းအတွက် ၃ပွဲကစားပေးထားရာမှာ ၄ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။
ရော်နယ်ဒိုမပါခဲ့ပေမယ့် ဖာနန်ဒက်စ်၊ ဂရင်းဝုဒ်၊ မာရှယ် နဲ့ လင်ဂတ်တို့ကို အသုံးပြုခဲ့ပေမယ့်လည်း ယူနိုက်တက်တို့ ဂိုးပေါက်ပျောက်ခဲ့ရတာဖြစ်ပြီး ဒီအပေါ်မှာ ဆိုးလ်ရှားဘက်က စိုးရိမ်နေဟန်ရှိပါတယ်။ ဒီအတွက်ကြောင့် ရော်နယ်ဒိုတစ်ဦးတည်းက ဂိုးသွင်းတာဝန်ကို ရယူထားနေတာလားလို့ မေးမြန်းခဲ့မှုကို ဆိုးလ်ရှားက "မဟုတ်ပါဘူး၊ ဘာလို့အဲလိုဖြစ်နေရမှာလဲ" လို့ တုံ့ပြန်ခဲ့ကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။
"ဂျက်ဆီက ၂ဂိုးသွင်းထားတယ်၊ ဂရင်းဝုဒ်က ၃ဂိုး၊ ဖာနန်ဒက်စ်က ၄ ဂိုးနဲ့ ရော်နယ်ဒိုက ၄ ဂိုး သွင်းထားတာပါ၊ တိုက်စစ်ပိုင်းဆီက ရရှိထားတဲ့ ကောင်းကျိုးတွေဖြစ်ပါတယ်၊ ရက်ရှ်ဖို့ဒ်က မကစားနိုင်သေးပါဘူး၊ မာရှယ်၊ ဆန်ချို နဲ့ ကာဗာနီတို့ကလည်း ဂိုးသွင်းနိုင်စွမ်းရှိသူတွေပါ၊ အားလုံးဂိုးသွင်းနိုင်ဖို့လိုပါတယ်၊ ဒါကို သေချာလုပ်ရမှာပါ၊ ပေါ့ဂ်ဘာဆိုလည်း ဂိုးသွင်းနိုင်တဲ့ ကစားသမားပါ"
"တရာသီကို ဂိုး ၃၀ ဒါမှမဟုတ် ၄၀ မသွင်းနိုင်တဲ့ တိုက်စစ်မှူးအသင်းမှာမရှိတာ ကြာပါပြီ၊ အဲဒီလိုကစားသမားမျိုးရှိရင်တောင်မှ ကျန်တဲ့သူတွေလည်း တာဝန်ခွဲယူရမှာပါ၊ ဒါဆိုရင် အခွင့်အရေးကောင်းတွေလည်းရလာမှာပါ" လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ဒီနေ့ကစားမယ့် ဗီလာနဲ့ ၁၄ ကြိမ်တွေ့ဆုံခဲ့ဖူးပြီး ၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့သူဖြစ်ပါတယ်။