ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာ ပွဲပြီးတဲ့နောက် သူမက ကွင်းအတွင်းဝင်ရောက်လာခဲ့တာဖြစ်ပြီး လုံခြုံရေးတွေက ထိန်းသိမ်းခဲ့ပေမယ့် ရော်နယ်ဒိုက တွေ့ခွင့်ပေးခဲ့တာလည်းဖြစ်ပါတယ်။
အိုင်ယာလန်နဲ့ ပေါ်တူဂီပွဲစဉ်မှာ ကွင်းအတွင်းကျူးကျော်ဝင်ရောက်လာခဲ့ပြီး ရော်နယ်ဒိုကို လာတွေ့ခဲ့တဲ့ အိုင်ယာလန်မိန်းကလေးပရိသတ်ဟာ ဒဏ်ကြေးအဖြစ် ပေါင် ၂၅၀၀ အထိ ပေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာ ပွဲပြီးတဲ့နောက် သူမက ကွင်းအတွင်းဝင်ရောက်လာခဲ့တာဖြစ်ပြီး လုံခြုံရေးတွေက ထိန်းသိမ်းခဲ့ပေမယ့် ရော်နယ်ဒိုက တွေ့ခွင့်ပေးခဲ့တာလည်းဖြစ်ပါတယ်။
"ကွင်းထဲကို သမီးရောက်ခဲ့တဲ့နောက်မှာ လုံခြုံရေးတွေက နောက်ကလိုက်လာတာကို သိတယ်၊ နောက်ထပ်နှစ်ယောက်ကလည်း ထောင့်ကနေ ပြေးလာပါတယ်၊ သူတို့တွေ သမီးကို ဖမ်းမိချိန်မှာ ရော်နယ်ဒိုရဲ့ နာမည်ကို အော်ခေါ်ပစ်လိုက်တယ်၊ သူက ပြန်လှည့်လာပြိးတော့ သမီးကိုမြင်တဲ့အခါ လွှတ်ပေးလိုက်ပါလို့ ပြောလိုက်ပြီး သမီးဆီ ရောက်လာတယ်၊ အရမ်းအံ့အားသင့်ခဲ့ရပါတယ်၊ ငိုလည်းငိုခဲ့မိတယ်၊ ပြီးတော့ ဂျာစီရနိုင်မလား၊ သမီးက ရှင့်ရဲ့ အမာခံပရိသတ်ပါလို့ ပြောတော့ သူက မင်း အဆင်ပြေရဲ့လားလို့ မေးပါတယ်"
"သူ့ ဂျာစီကို ချွတ်ပေးနေတာကို အဖေလည်းတွေ့တယ်၊ သူလည်း တော်တော်လေးအံ့အားသင့်ခဲ့ပါတယ်၊ သမီးရဲ့အိပ်မက်တွေအမှန်တကယ်ဖြစ်လာခဲ့ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမဟာ ကွင်းအတွင်းကျူးကျော်ဝင်ရောက်လာခဲ့တာကြောင့် ဒဏ်ကြေးအဖြစ် ပေါင် ၂၅၀၀ ပေးဆောင်ခဲ့ရတယ်လို့ Mirror က ဖော်ပြခဲ့ပြီး အနည်းငယ်တော့ စိတ်ညစ်စရာဖြစ်ခဲ့ရပါတယ်။
သူမရဲ့ Idol ဖြစ်တဲ့ ရော်နယ်ဒိုနဲ့ တွေ့ဆုံစကားပြောခဲ့ရပြီး အမှတ်တရလက်ဆောင်လည်း ရရှိခဲ့ပေမယ့် ပေါင် ၂၅၀၀ အထိ ဒဏ်ကြေးပေးဆောင်ရမှာက အနည်းငယ်တော့ခက်ခဲစေခဲ့မှာသေချာပါတယ်။ ဒဏ်ငွေကို ဖခင်ဖြစ်သူက ပေးဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။