လာမယ့်ကြာသပတေးနေ့မှာ ရင်ဆိုင်ရတော့မှာပါ။

ယူနိုက်တက်နဲ့အာဆင်နယ်တို့ဟာ လာမယ့် ကြာသပတေးနေ့မှာ ပရီးမီးယားလိဂ်ပွဲအဖြစ် အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။ 


ဒီရာသီမှာ အာဆင်နယ်အတွက် လက်စွမ်းပြကစားပေးနေတဲ့ ဂိုးသမားရမ့်စ်ဒေးလ်က ရော်နယ်ဒိုနဲ့ ရင်ဆိုင်ရမှာဟာ သူ့အတွက် ကိုယ့်ကိုကိုယ်ဘယ်လောက်ထိအရည်အချင်းရှိလဲဆိုတာကို စမ်းသပ်နိုင်မယ့်ပွဲဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်နဲ့အာဆင်နယ်တို့ဟာ လာမယ့် ကြာသပတေးနေ့မှာ ပရီးမီးယားလိဂ်ပွဲအဖြစ် အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။ 



ရှက်ဖီးယူနိုက်တက်ကနေ အာဆင်နယ်ကို ပေါင် ၂၄ သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ရမ့်စ်ဒေးလ်ဟာ အသင်းသစ်မှာ ထင်မှတ်မထားလောက်တဲ့လက်စွမ်းတွေကို ပြသပြီး နံပါတ်တစ်ဂိုးသမားဖြစ်ခဲ့တဲ့ လီနိုကိုပါ အရန်ခုံမှာထိုင်ခိုင်းစေခဲ့သူဖြစ်ပါတယ်။ ဒီလိုလက်စွမ်းတွေပြသပြီးနောက် ရမ့်စ်ဒေးလ်က ရော်နယ်ဒိုနဲ့ ရင်ဆိုင်ရဖို့ကို မစောင့်ဆိုင်းနိုင်တော့အောင်ဖြစ်နေပြီး သူ့ကိုယ်သူ စမ်းသပ်ချင်နေပြီဖြစ်ပါတယ်။ 

"ရော်နယ်ဒိုနဲ့ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရမယ်လို့ ကျွန်တော်ဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး၊ ဒါပေမယ့် အခုတော့ သူနဲ့ ကျွန်တော်ရင်ဆိုင်ရဖို့ မျှော်လင့်နေပါပြိ၊ ဘာလို့လဲဆိုတော့ ဒါက ကိုယ့်ကိုကိုယ်စမ်းသပ်ဖို့အတွက် အခွင့်အရေးတစ်ခုရလိုက်တာမို့လို့ပါ၊ အိုးထရက်ဖို့ဒ်လို ကွင်းမျိုးကိုသွားနေရတာ၊ ရော်နယ်ဒိုနဲ့ ထိပ်တိုက်တွေ့နေရတယ်လို့ ပြောရတာထက် ပိုကောင်းတဲ့ ခံစားချက်မျိုးမရှိပါဘူး" လို့ ရမ့်စ်ဒေးလ်က ပြောဆိုခဲ့ကြောင်း Standard က ဖော်ပြခဲ့ပါတယ်။ 

အာဆင်နယ်ကတော့ ဒီတပတ်မှာ နယူးကာဆယ်နဲ့ ရင်ဆိုင်သွားရမှာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်ကို ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် နိုင်ပွဲပြန်ရှာရတော့မှာဖြစ်ပြီး ဒီပွဲပြီးတာနဲ့ ယူနိုက်တက်ကို ရင်ဆိုင်ရမှာပါ။ တဖက်မှာတော့ ယူနိုက်တက်က ချယ်လ်ဆီးနဲ့ အဝေးကွင်းပွဲကစားရမှာဖြစ်လို့ ပွဲကျပ်နေကာ အဆိုပါပွဲပြီးပါက အာဆင်နယ်ကို အိမ်ကွင်းမှာလက်ခံကစားရမှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က