ဘေးပတ်ဝန်းကျင်ကို ဒုက္ခပေးနေတာလို့ ညည်းတွားနေပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ လစ္စဘွန်းမြို့ပြင်မှာ ပေါင် ၂၈ သန်းတန်တဲ့ ဇိမ်ခံအိမ်ကြီးကို ဆောက်လုပ်နေပါတယ်။ အယ်လ်နာဆာတိုက်စစ်မှူးဟာ ကစားသမားဘ၀က အနားယူတဲ့အချိန် လစ္စဘွန်းကို ပြန်သွားကာ နေထိုင်မှာလည်းဖြစ်ပြီး အဆိုပါရည်ရွယ်ချက်အတွက် ဒီဇိမ်ခံအိမ်ကို ဆောက်လုပ်နေတာလည်း ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း အခုအခါမှာ သူ့ရဲ့ နေအိမ်ဆောာက်လုပ်မှုက အိမ်နီးနားချင်းတွေကို ဒေါသထွက်စရာအဖြစ် ရှိနေခဲ့ပြီဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းကြောင့် ဆူညံမှု၊ ဖုန်တွေသဲတ​ွေ လွင့်ပျံမှုနဲ့ လမ်းပိတ်ထားမှုတွေကြောင့် အခက်တွေ့နေရတယ်လို့ အိမ်နီးချင်းတွေက ဖွင့်ဟနေကြပါတယ်။ ရော်နယ်ဒိုကတော့ ဒါနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။  

အိမ်နီးချင်းတွေက "ဒါကို ဆောက်နေတာ သူတို့ ၃ နှစ်လောက်ရှိနေပြီ၊ အိမ်ကလည်း ကြည့်ရတာ ကြီးမားပြီး ဆေးရုံနဲ့တောင်မှ တူနေတယ်"၊ "ကျနော်တို့လမ်းဆိုရင် ပိတ်ထားတာ လနဲ့ချီနေပြီ၊ ကျနော်ပန်းခြံထဲမှာလည်း ဖုန်တွေ၊သဲတွေနဲ့ ပြည့်နေပြီ၊ ဒါတွေအားလုံးက ရော်နယ်ဒိုဆောက်လုပ်နေတဲ့ ပိရမစ်ကြောင့်ပါ" လို့ ပြောဆိုနေကြပါတယ်။ 

မူလကတော့ အဆိုပါနေအိမ်အတွက် ကနဦးကုန်ကျစရိတ်က ပေါင် ၁၀ သန်းသာ မှန်းထားခဲ့ပေမယ့်လည်း အခုအခါမှာ ပေါင် ၁၇ သန်းအထိ ထပ်မံသုံးစွဲခဲ့ရလို့ ပေါင် ၂၈ သန်းအထိ ဖြစ်လာခဲ့တာပါ။ နေအိမ်အတွင်းမှာ စတုရန်းပေ ၁၀၀၀ အထိ ကျယ်ဝန်းတဲ့ မာစတာအိပ်ခန်းတခုပါဝင်ကာ ရေအောက်လူသွားလမ်းပါဝင်တဲ့ ဧရာမရေကူးကန်တခုလည်း ပါရှိတယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က