တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဆဲလ်တာဗီဂိုနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ လာလီဂါပွဲစဉ်မှာတော့ ရီးရဲလ်မက်ဒရစ်က ဘယ်လင်ဟမ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ ဒီရလဒ်ကြောင့် ရာသီအဖွင့်မှာ အဝေးကွင်း သုံးပွဲဆက်တိုက် အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။



ရီးရဲလ်မက်ဒရစ်ဟာ အိမ်ကွင်း ဘာနေဗျူးရဲ့ အနေအထားကြောင့် ဒီရာသီ အစ အဖွင့်ပွဲ သုံးပွဲလုံးကို အဝေးကွင်းပွဲတွေအဖြစ်သာ ကစားခဲ့ရတာပါ။ ဒါပေမယ့်လည်း အသင်းရဲ့ ရလဒ်ပိုင်းက တည်ငြိမ်ခဲ့ပြီး အခုလိုမျိုး အဝေးကွင်းသုံးပွဲဆက်၊ ရာသီအဖွင့်သုံးပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်တို့ စောစောစီးစီး ဦးဆောင်ဂိုးရနိုင်ခဲ့ပေမယ့် ရိုဒရီဂိုက ရရှိလာတဲ့ ပင်နယ်တီကို ဝင်အောင် ကန်သွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။ အဲ့ဒါကြောင့်လည်း ပွဲကစားချိန် (၈၁) မိနစ်မှ ရရှိခဲ့တဲ့ ဘယ်လင်ဟမ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ဘယ်လင်ဟမ်ကတော့ ရာသီအဖွင့် သုံးပွဲဆက်တိုက်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူးကြီး စီရော်နယ်ဒိုရဲ့ စံချိန်ကိုပါ လိုက်မီသွားခဲ့ပါတယ်။ ဘယ်လင်ဟမ်ဟာ ရော်နယ်ဒိုရဲ့ လာလီဂါပထမဆုံး (၃) ပွဲဆက်တိုက်မှာ ဂိုးသွင်းယူနိုင်တယ်ဆိုတဲ့ စံချိန်ကို ဆဲလ်တာဗီဂိုနဲ့ပွဲ သွင်းဂိုးနဲ့အတူ လိုက်မီသွားခဲ့တာပါ။

ရော်နယ်ဒိုကလည်း ရီးရဲလ်မက်ဒရစ်နဲ့အတူ လာလီဂါပွဲဦးထွက် (၃) ပွဲမှာ (၄) ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ အခုချိန်မှာလည်း ဘယ်လင်ဟမ်က ရီးရဲလ်မက်ဒရစ်အတွက် (၄) ဂိုးအထိ သွင်းယူပေးထားပြီးဖြစ်သလို ဂိုးဖန်တီးမှု (၁) ကြိမ်လည်း ပြုလုပ်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က