ကာဒစ်ဇ်နဲ့ပွဲမှာ ဂိုးထပ်သွင်းနိုင်ခဲ့တာပါ။

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဘယ်လင်ဟမ်ဟာ မနေ့ညက ကာဒစ်ဇ်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ အသင်းအတွက် တစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဒီအင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူက အသင်းမှာ စံချိန်မှတ်တမ်းသစ် တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။



ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်အတွက် ရိုဒရီဂို တစ်ယောက်တည်းက နှစ်ဂိုး သွင်းယူပေးနိုင်ခဲ့တာပါ။ အဲ့ဒီနောက် ပွဲကစားချိန် (၇၄) မိနစ်မှာ ဘယ်လင်ဟမ်က အသင်းအတွက် ပွဲသိမ်းဂိုးကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘယ်လင်ဟမ်ဟာ ရီးရဲလ်မက်ဒရစ်အတွက် ပထမဆုံး (၁၅) ပွဲမှာ သွင်းဂိုး (၁၄) ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါမျိုး စွမ်းဆောင်နိုင်ခဲ့တာက အသင်းသမိုင်းတစ်လျှောက် အများဆုံးနဲ့ ပထမဆုံး ကစားသမားအဖြစ်လည်း သမိုင်းဝင်သွားခဲ့ပါတယ်။
ဘယ်လင်ဟမ်မတိုင်ခင်က ရော်နယ်ဒိုက အသင်းအတွက် ပထမဆုံး (၁၅) ပွဲမှာ သွင်းဂိုး (၁၃)​ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ကာ ဒီစံချိန်မှတ်တမ်းကောင်းကို ထိန်းသိမ်းထားခဲ့တာပါ။ အခု ဘယ်လင်ဟမ်ကတော့ ရော်နယ်ဒိုရဲ့ စံချိန်ကိုပါ ရိုက်ချိုးခဲ့ပြီး အသင်းနဲ့ ပထမဆုံးရာသီမှာ တော်တော်လေး အဖွင့်လှပသွားခဲ့ပါတယ်။
ဒါ့အပြင် ဒီစတီဖာနို၊ ပရူဒန်တို့ကလည်း အခုလိုမျိုး ရီးရဲလ်မက်ဒရစ်နဲ့ ပထမဆုံး (၁၅) ပွဲမှာ သွင်းဂိုး (၁၃) ဂိုးအထိ ရရှိခဲ့ကာ ဘယ်လင်ဟမ်ကတော့ ရော်နယ်ဒို၊ ဒီစတီဖာနိုတို့လို ပုဂ္ဂိုလ်ကြီးတွေရဲ့ စံချိန်မှတ်တမ်းတွေကို ကာဒစ်ဇ်နဲ့ပွဲမှာ တစ်ပြိုင်နက်တည်း ဂုဏ်ယူဖွယ်ရာ ရိုက်ချိုးပစ်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က