၁၈ လတာကာလအတွင်း ၂၇ ဂိုးသွင်းယူပေးခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ မန်ချက်စတာယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ ၁၈ လအတွင်းမှာ စုစုပေါင်းသွင်းဂိုး ၂၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ တပတ်လုပ်ခပေါင် ၅ သိန်းအထိ ရရှိခဲ့တာဖြစ်ပြီး စာချုပ်အရ အသင်းမှာ တနှစ်လုပ်ခ ပေါင် ၂၄ သန်းအထိ ရရှိတယ်လို့ အကြမ်းဖျင်းအားဖြင့် တွက်ချက်နိုင်မှာဖြစ်ပါတယ်။ 

အခုအခါမှာတော့ စာလုံးရေ ၆၇ လုံးသာပါဝင်တဲ့ သတင်းထုတ်ပြန်ချက်နဲ့အတူ ရော်နယ်ဒိုနဲ့ ယူနိုက်တက်တို့ဟာ နှစ်ဖက်သဘောတူစာချုပ်ဖျက်သိမ်းပြီး လမ်းခွဲမယ့်အကြောင်းကို နှစ်ဖက်စလုံးက အတည်ပြုခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ ရော်နယ်ဒိုက အသင်းလက်မဲ့ဖြစ်သွားခဲ့ပြီဖြစ်ကာ သူ့ကိုခေါ်ယူချင်တဲ့အသင်းတွေက ဇန်နဝါရီမှာ အလွတ်ခေါ်ယူနိုင်မှာလည်းဖြစ်ပါတယ်။ 

ယူနိုက်တက်မှာ သူ​ ပြန်လည်ကစားခဲ့တဲ့ ၁၈ လတာ ကာလအတွင်း သွင်းဂိုး ၂၇ ဂိုး ရရှိခဲ့ရာမှာ သွင်းဂိုးတဂိုးအတွက် ယူနိုက်တက်ဟာ ပေါင် ၁.၂ သန်းအထိ ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး နောက်ထပ်တနှစ်သက်တမ်းတိုးခွင့်လည်းပါရှိခဲ့ပေမယ့် ၂နှစ်တာကာလ မရောက်ခင် ၆ လအလိုမှာပဲ အသင်းနဲ့ လမ်းခွဲခဲ့ရတာဖြစ်ပါတယ်။ 

စာချုပ်ဖျက်သိမ်းမှုကနေ ရော်နယ်ဒိုက လျော်ကြေးတပြားတချပ်မှရရှိမှာမဟုတ်ဘဲ ထွက်ခွာခဲ့ရတာလည်းဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ ပီယာ့စ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးမှာ ပြောဆိုခဲ့မှုတွေက လမ်းခွဲဖို့အထိ ဖြစ်လာခဲ့ပြီး ကမ္ဘာ့ဖလားအပြီးမှာ သူ့ကို အခြားအသင်းတသင်းနဲ့အတူ မြင်တွေ့ရမှာဖြစ်ပြီး အသင်းဟောင်းစပို့တင်းလစ္စဘွန်းကို ပြောင်းရွှေ့နိုင်ဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ 

CLEAR Filter ဘောလုံးဂိမ်းကစားပြီး Limited Edition CR7 Signed Golden Bottle ဆုလက်ဆောင်ရယူနိုင်ပါပြီ။ ရော်နယ်ဒိုလို ကျွမ်းကျင်မှုမျိုးပြသပြီး သူ့လက်မှတ်ပါဝင်တဲ့ ဆုလက်ဆောင်ရမယ့် အခွင့်အရေးနော်။ ဂိမ်းကို ပါဝင်ဆော့ကစားဖို့အတွက် ဒီလင့်ခ်လေးကို နှိပ်ပြီး ဝင်ကစားရုံပါပဲ။ 

Share

Loading Next Article...
က္က