လိုက်မီဖို့အတွက် ၆ ဂိုးသာ လိုအပ်တော့တာပါ။

ပိုလန်တိုက်စစ်မှူးဟာ ဒီရာသီမှာ ကလပ်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၂၄ ဂိုးအထိ ရရှိထားပြီးဖြစ်ကာ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံအတွက် ၁၁ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ 


နိုင်ငံတကာပွဲတွေအပြီး ပြန်လည်ကစားခဲ့တဲ့ ဘွန်ဒက်လီဂါပွဲမှာ အော့စ်ဘတ်ကို ဘိုင်ယန်မြူးနစ်တို့ အရေးနိမ့်ခဲ့ပေမယ့်လည်း လီဝန်ဒေါစကီးကတော့ သူ့ရဲ့ဂိုးသွင်းစံချိန်ကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဘိုင်ယန်အတွက် ချေပဂိုးကို သူက သွင်းယူပေးခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွင်း သူ့ရဲ့ သွင်းဂိုးစုစုပေါင်းဟာ ၆၃ ဂိုးအထိဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ 



အသင်းအရေးနိမ့်ခဲ့ပေမယ့် ကစားသမားတစ်ဦးရဲ့ မှတ်တမ်းအရ လီဝန်ဒေါစကီးဟာ ၂၀၁၃ ခုနှစ်၊ ရော်နယ်ဒိုနောက်ပိုင်း ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာတယ်လို့ Sports.fr က ဖော်ပြခဲ့ပါတယ်။ အဆိုပါနှစ်မှာ ရော်နယ်ဒိုက ၆၉ ဂိုးအထိ သွင်းယူခဲ့တာဖြစ်ပြီး  လီဝန်ဒေါစကီးက အဆိုပါစံချိန်ကို လိုက်မီဖို့ဆိုရင် ၆ ဂိုးသာ လိုအပ်တော့ပြီး ကျော်ဖြတ်ဖို့အတွက် ၇ ဂိုး လိုအပ်သေးတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီနှစ်ကုန်အထိ ဘိုင်ယန်ဟာ စုစုပေါင်း ၇ ပွဲအထိ ကစားဖို့ရှိနေသေးပြီး ဘွန်ဒက်လီဂါငါးပွဲနဲ့ ချန်ပီယံလိဂ် နှစ်ပွဲကစားရမှာပါ။ အဆိုပါပွဲတွေမှာ တစ်ပွဲတစ်ဂိုးသွင်းယူရုံနဲ့ လီဝန်ဒေါစကီးက ရော်နယ်ဒိုရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်တော့မှာလည်းဖြစ်ပါတယ်။ ပိုလန်တိုက်စစ်မှူးဟာ ဒီရာသီမှာ ကလပ်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၂၄ ဂိုးအထိ ရရှိထားပြီးဖြစ်ကာ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံအတွက် ၁၁ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ 

ဘွန်ဒက်လီဂါမှာ တစ်ပွဲကို တစ်ဂိုးနှုန်းကျော်ရရှိနေလို့ နှစ်မကုန်ခင်ကစားရမယ့် ၅ ပွဲမှာ အနည်းဆုံး ၅ ဂိုးအထိ သွင်းယူနိုင်မယ်လို့ မျှော်လင့်ရပြီး ချန်ပီယံလိဂ်ပွဲ နှစ်ပွဲမှာ တစ်ဂိုးသာရရှိခဲ့တယ်ဆိုရင်တောင် ရော်နယ်ဒိုကို လိုက်မီပြီဖြစ်ပါတယ်။ သူ့အနေနဲ့ ရော်နယ်ဒိုရဲ့ ဂိုးသွင်းစံချိန်ကို ခြိမ်းခြောက်နေတာလည်းဖြစ်ကာ လိုက်မီမလား၊ ကျော်တက်သွားမလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က