ဂရင်းဝုဒ်ရဲ့သွင်းဂိုးအတွက် ရော်နယ်ဒိုကို ချီးကျူးနေကြတာပါ။

မနေ့က ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ ယူနိုက်တက်တို့ရဲ့ ပွဲစဥ်မှာ ရော်နယ်ဒိုက ယူနိုက်တက်အတွက် ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဂရင်းဝုဒ်ရဲ့ သွင်းဂိုး အစပြုဖို့အတွက် ဘရူနိုဖာနန်ဒက်စ်ရဲ့ ပြေးလမ်းကြောင်းထဲကို အကောင်းဆုံး ဘောလုံး ခင်းပေးနိုင်ခဲ့ပါတယ်။



ရော်နယ်ဒိုအနေနဲ့ ယူနိုက်တက်ရရှိခဲ့တဲ့ သုံးဂိုးမှာ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့တာမျိုးတော့ မရှိပေမယ့် ဂရင်းဝုဒ်ရဲ့ သွင်းဂိုးအတွက် ရော်နယ်ဒိုက အကောင်းဆုံး အစပြုပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ရော်နယ်ဒို ရင်ဘတ်နဲ့ တချက် တိုက်ချပေးလိုက်တဲ့ ဒီဘောလုံးက ဘရူနိုဖာနန်ဒက်စ်ရဲ့ ပြေးလမ်းကြောင်းထဲကို ကွက်တိ ရောက်ရှိခဲ့တာပါ။

အဲ့ဒီနောက် ဘရူနိုဖာနန်ဒက်စ်က လွတ်လွတ်ကျွတ်ကျွတ်ကို ဆွဲပြေးသွားခဲ့ပြီး ဂိုးသမားနဲ့ တယောက်ချင်းအတွေ့မှာတော့ ပိုမိုသေချာတဲ့ ဂရင်းဝုဒ်ဆီ ခင်းပေးပြီး ဂရင်းဝုဒ်က သာသာယာယာ ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ ဂရင်းဝုဒ်အတွက်တော့ ဒီဂိုးက နောက်ပိုင်းပွဲစဥ်တွေမှာ ပုံစံကောင်း ပျောက်ဆုံးနေတဲ့ သူ့အတွက် (၃) လအတွင်း ပထမဆုံး ဂိုးဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ပရိသတ်တွေကတော့ ရော်နယ်ဒိုရဲ့ အကွက်မြင်မြင် ခင်းပေးလိုက်တာကိုပဲ တခုတ်တရ ချီးကျူးနေကြပြီး မဟာပြိုင်ဘက် မက်ဆီနဲ့ပါ နှိုင်းယှဥ် ချီးကျူးခဲ့ကြတာဖြစ်ပါတယ်။ ယူနိုက်တက်ပရိသတ်တယောက်က “(၂၀၂၂) မှာ ရော်နယ်ဒိုရဲ့ ရင်ဘတ်က မက်ဆီရဲ့ ခြေထောက်နှစ်ချောင်းထက်တောင် ပိုပြီးအလုပ်ဖြစ်ပါသေးတယ်” လို့ ဆိုရှယ်မီဒီယာပေါ်မှာ ချီးကျူးရေးသားခဲ့ပါတယ်။

အခြားသောပရိသတ်တွေကလည်း ရော်နယ်ဒိုရဲ့ ဒီလို ကစားကွက် စတင်ပေးမှုကို တယောက်တမျိုး ချီးကျူးခဲ့ကြပြီး ရော်နယ်ဒိုကို မကြိုက်နှစ်သက်တဲ့ အချို့ ပရိသတ်တွေကတော့ ဒီလိုချီးကျူးမှုတွေကို ရူးနှမ်းနေတဲ့လုပ်ရပ်တွေလို့ ပြန်လည် တိုက်ခိုက်ခဲ့ကြပါတယ်။

မက်ဆီဟာ (၂၀၂၂) အတွင်း ကစားထားတဲ့ PSG ရဲ့ ပွဲစဥ် အားလုံးကို လွဲချော်ထားရပြီး မကြာခင်ကလည်း ကိုဗစ်ကူးစက်ခံလိုက်ရပါသေးတယ်။ ရော်နယ်ဒိုအတွက်ကလည်း ပရီးမီးယားလိဂ်မှာ နောက်ဆုံး သုံးပွဲဆက်တိုက် ဂိုးပေါက် ပျောက်ခဲ့တာဖြစ်ပြီး လာမယ့် စနေမှာ ကစားမယ့် ဝက်စ်ဟမ်းနဲ့ပွဲစဥ်မှာ ရော်နယ်ဒို ဂိုးပေါက် ပြန်ရှာတွေ့မလား စောင့်ကြည့်ရမှာပါ။ 

Share

Loading Next Article...
က္က