လာမယ့်ရာသီမှာ အသင်းကြီးတသင်းဆီ ပြောင်းရွှေ့နိုင်ဖို့အတွက်ဖြစ်ပါတယ်။

ဘင်ဖီကာအတွက် ဒီရာသီမှာ ခြေစွမ်းပြကစားနေပြီး လာမယ့်ရာသီမှာ ဥရောပထိပ်တန်းအသင်းတသင်းကိုရောက်ရှိမယ်လို့ သတင်းတွေထွက်နေတဲ့ ဒါဝင်နူနက်စ်ဟာ လက်ရှိအေးဂျင့်ဖြစ်သူနဲ့ လမ်းခွဲခဲ့ပြီး နာမည်ကျော်အေးဂျင့်ဂျော့မန်ဒက်စ်ကို အသစ်ခန့်အပ်တော့မယ်လို့ နာမည်ကြီးသတင်းထောက်ဖာဘရီဇီယိုရိုမာနိုက ပြောဆိုလိုက်ပါတယ်။ 

အသက် ၂၂ နှစ်သာရှိသေးတဲ့ ဥရုဂွေးတိုက်စစ်မှူးဟာ ဘင်ဖီကာအတွက် ပြိုင်ပွဲစုံ ၃၅ ပွဲကစားပေးအပြီးမှာ ၂၈ ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပါတယ်။ လီဗာပူးလ်ကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲမှာ ဘင်ဖီကာအတွက် တလုံးတည်းသော ချေပဂိုးကို သွင်းယူပေးခဲ့သူ နူနက်စ်ပဲဖြစ်ပြီး သူ့ကို ထိပ်တန်းကလပ်တွေကလည်း စိတ်ဝင်စားနေကြပါတယ်။ 

ဂျော့မန်ဒက်စ်ကတော့ ပေါ်တူဂီနာမည်ကျော်တိုက်စစ်မှူးရော်နယ်ဒိုအပါအဝင် ထိပ်တန်းကစားသမားအများအပြားရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။ သူ့ရဲ့ ကစားသမားတွေကို ထိပ်တန်းကလပ်တွေဆီ အကျိုးခံစားခွင့်အများအပြားနဲ့ ပို့ဆောင်ပေးနေသူဖြစ်ပြီး နူနက်ဇ်အတွက်တော့ ဒါဟာ အခွင့်အရေးကောင်းတခုလည်း ဖြစ်လာမှာပါ။ 

ကစားသမားကိုယ်တိုင်ကလည်း ဘင်ဖီကာက ထွက်ခွာပြီး နာမည်ကြီးအသင်းတသင်းကို ပြောင်းရွှေ့ကစားချင်နေတယ်လို့ သိရပါတယ်။ ဘောလုံးသမားကောင်းတွေကို ရွေးချယ်ခေါ်ယူပြီး အသင်းမှာခြေစွမ်းပြနေတဲ့အချိန်ဆိုရင် စျေးကောင်းကောင်းနဲ့ ပြန်ရောင်းထုတ်လေ့ရှိတဲ့ ဘင်ဖီကာရဲ့ စီးပွားရေးကဏ္ဍကြောင့်လည်း ဥရုဂွေးသားကို နောက်ရာသီမှာ အခြားအသင်းတသင်းနဲ့အတူ မြင်တွေ့ရဖွယ်ရှိနေပါတယ်။ 

Share

Loading Next Article...
က္က