(၃) ပွဲကစား၊ (၄) ဂိုးသွင်းထားတဲ့ ရော်နယ်ဒို အသက် (၄၀) အထိကစားမယ်လို့ ဆိုးလ်ရှားက ချီးကျူးလိုက်တာပါ။
ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသင်းရဲ့ အဓိကတိုက်စစ်မှူး ရော်နယ်ဒိုကို ချီးကျူးပြောကြားလိုက်ပြီး အသက် (၃၆) နှစ်အရွယ် ဒီကစားသမားက အသက် (၄၀) ပြည့်တဲ့အထိ မြက်ခင်းစိမ်းတွေပေါ် ရှိနေလိမ့်မယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။


ရော်နယ်ဒိုရဲ့အမေဖြစ်သူ ဒိုလိုရက်စ်အေဗီရိုကလည်း သူ့သား ဘောလုံးသမားဘဝက အနားယူပြီးနောက်ပိုင်း ဘာဆက်လုပ်မယ်မသေချာပေမယ့် အသက် (၄၀) အရွယ်အထိ ဘောလုံးကစားမယ်လို့ အတည်ပြုပေးထားပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်ကို တစ်ကျော့ပြန် ရောက်ရှိလာပြီးနောက်ပိုင်း အသင်းအတွက် ပြိုင်ပွဲစုံ (၃) ပွဲကစား၊ (၄) ဂိုးသွင်းယူပေးထားတာပါ။


လက်ရှိအချိန်မှာ ရော်နယ်ဒိုနဲ့ပတ်သက်လို့ ဆိုးလ်ရှားက “ရော်နယ်ဒို အသက် (၄၀) အထိ ကစားလည်း ကျွန်တော့်အတွက်က အံ့အားသင့်စရာမရှိပါဘူး။ သူ့ကိုယ်သူ ဂရုစိုက်တဲ့ပုံစံက အဓိကကျတဲ့အရာဖြစ်ပြီး ဒီနေရာအထိ ရောက်လာဖို့အတွက် ရသမျှခွန်အားနဲ့ ကြိုးစားအားထုတ်မှုကို အသုံးချခဲ့သူပါ”


“ချီးကျူးသံတိုင်း၊ လက်ခုပ်သံတိုင်းနဲ့ ထိုက်တန်တဲ့ ကစားသမားလို့ ကျွန်တော်ပြောချင်ပြီး သူက အောင်မြင်မှုတစ်ခုပြီးတစ်ခုကို ဆာလောင်နေတဲ့သူပါ။ အခုချိန်မှာ ရော်နယ်ဒိုရဲ့ စိတ်က မြက်ခင်းစိမ်းတွေပေါ်မှာ ဆက်ရှိနေဖို့ဖြစ်ပြီး သူ့ရဲ့ ခြေထောက်တွေ ဒါမှမဟုတ် သူ့ရဲ့ဦးနှောက်က ငြင်းဆန်မှသာ သူကစားတာကို ရပ်တန့်သွားပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ မကြာခင်မှာပဲ အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ အက်စတွန်ဗီလာကို ဧည့်ခံကစားရတော့မှာဖြစ်ပြီး အဲ့ဒီပွဲပြီးသွားရင်တော့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဗီလာရီးရဲယ်နဲ့ ချန်ပီယံလိဂ်အုပ်စုပွဲအဖြစ် ဆက်လက် ကစားသွားရမှာဖြစ်ပါတယ်။ ဆိုးလ်ရှားကတော့ အသက် (၃၆) နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုကို ပွဲတိုင်း အသုံးပြုသွားမှာမဟုတ်ဘဲ စနစ်တကျ စီမံခန့်ခွဲသွားမယ်လို့ ဆိုခဲ့ဖူးပါတယ်။ 

Share

က္က