ဂျူဗီမှာ ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားနေတာပါ။

ဖီအိုရင်တီးနားတိုက်စစ်မှူးဗလာဟိုဗစ်ကတော့ ဂျူဗင်တပ်စ်ကို ယူရို ၇၅ သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့မှာပ​ြ ဆေးစစ်မှုတွေပြုလုပ်ခဲ့ပြီးနောက် စာချုပ်လက်မှတ်ရေးထိုးကာ တရားဝင်ကစားသမားအဖြစ် ကြေညာခဲ့ပြီးဖြစ်ပါတယ်။ အသက် ၂၁နှစ်အရွယ်တိုက်စစ်မှူးအတွက် ဂျူဗီက များပြားလှတဲ့ ငွေကြေးပမာဏကို အသုံးပြုခဲ့ရတာလည်းဖြစ်ပါတယ်။ 

ဆာဘီးယားတိုက်စစ်မှူးဟာ လက်ရှိမှာ စီးရီးအေရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်နေပြိး အကောင်းဆုံးခြေစွမ်းတွေကို ပြသနေတာဖြစ်ပါတယ်။ ဥရောပအသင်းကြီးတချို့က သူ့ကိုစိတ်ဝင်စားနေခဲ့ပေမယ့် ဂျူဗီက ရက်ပိုင်းအတွင်းမှာပဲ ကမ်းလှမ်းမှုနဲ့ အပြီးသတ်ခေါ်ယူနိုင်မှုကို လုပ်ဆောင်နိုင်ခဲ့ကာ အရည်အသွေးရှိကစားသမားတဦးကို ပြိုင်ဘက်အသင်းတွေထက် လက်ဦးမှုရယူနိုင်ခဲ့ပါတယ်။ 


ဂျူဗီမှာတော့ ဗလာဟိုဗစ်က နာမည်ကျော်တိုက်စစ်မှူးရော်နယ်ဒိုဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၇ ကို ဝတ်ဆင်သွားမယ်လို့ သိရပါတယ်။ ဒါဟာ ရော်နယ်ဒိုရဲ့ ပြက္ခဒိန်တနှစ်အတွင်း စီးရီးအေသွင်းဂိုးအများဆုံးစံချိန်ကို လိုက်မီခဲ့တဲ့ ဗလာဟိုဗစ်က အဲဒီကစားသမားရဲ့ ဂျာစီကို ဆက်ခံခွင့်ရရှိမှုလည်းဖြစ်ခဲ့ပြီး တူရင်မှာ ရော်နယ်ဒိုလို ဂိုးသွင်းထိပ်သီးဖြစ်လာမလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။


ရော်နယ်ဒိုကတော့ ဂျူဗီမှာ ၃ ရာသီကြာကစားပေးခဲ့ပြီး ဂိုးပေါင်း ၁၀၀ ကျော် သွင်းယူပေးခဲ့သူဖြစ်ပါတယ်။ စီးရီးအေရွှေဖိနပ်ဆု၊ တရာသီအကောင်းဆုံးကစားသမားဆုတွေကို ဆွတ်ခူးနိုင်ခဲ့ပြီး ခြေစွမ်းပြခဲ့ကာ ပြည်တွင်းဖလားအားလုံးလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဓိကရည်မှန်းချက်ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကိုတော့ ရယူနိုင်ခဲ့ခြင်းမရှိဘဲ ဒီရာသီအစမှာ အသင်းဟောင်းမန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

Share

Loading Next Article...
က္က