ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ပွဲပယ် ပြစ်ဒဏ်ကျခံနေခဲ့ရတာ ဖြစ်ပါတယ်။

အယ်လ် နက်ဆာနည်းပြ ရူဒီ ဂါစီယာက ဆော်ဒီ အာရေဗျမှာ ရော်နယ်လ်ဒို ပထမဆုံး ပါဝင်ကစားပေးမယ့် ပွဲဦးထွက်ပွဲစဉ်ဟာ အသင်းရဲ့ဂျာစီနဲ့မဟုတ်တဲ့အတွက် စိတ်ပျက်မိတဲ့အကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့လကုန်မှာ အယ်လ် နက်ဆာအသင်းနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့သူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်းဟာ အဲဗာတန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး ဥမင်လျှောက်လမ်းထဲကို ဆင်းချိန်မှာ အဲဗာတန်ပရိသတ်ကလေးငယ်လက်ထဲက ဖုန်းကို ရိုက်ချခဲ့ပြီးနောက် အက်ဖ်အေရဲ့ မလျော်ကန်တဲ့ အပြုအမူနဲ့ စွဲချက်တင်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ပြစ်မှုထင်ရှားခဲ့တဲ့အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဒဏ်ကြေးငွေ ပေါင် ၅ သောင်းနဲ့ ၂ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ပွဲပယ် ပြစ်ဒဏ်ကျခံနေခဲ့ရတာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ နောက်ဆုံးမှာတော့ ယခုလမကုန်ခင်မှာပဲ ပွဲဦးထွက်ပွဲစဉ်ကို ပါဝင်ကစားပေးသွားတော့မှာဖြစ်ပေမယ့်လည်း အယ်လ် နက်ဆာအသင်းအတွက်တော့ မဟုတ်တာဖြစ်ပြီး ရူဒီ ဂါစီယာက အဲဒါနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေတဲ့အကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးရဲ့ ဆော်ဒီ အာရေဗျမှာ ကစားမယ့်ပထမဆုံးပွဲစဉ်ဟာ ပီအက်စ်ဂျီနဲ့ ကစားရမယ့် ချစ်ကြည်ရေးပွဲစဉ် ဖြစ်ပြီး အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ အဓိကပြိုင်ဘက်ဟောင်းဖြစ်တဲ့ မက်ဆီနဲ့ ဇန်နဝါရီ ၁၉ ရက်နေ့ King Fahd ကွင်းမှာ ဆော်ဒီ အာရေဗျ ကြယ်စင်စုအသင်းအတွက် ကိုယ်စားပြုကစားပေးပြီး ရင်ဆိုင်သွားမှာဖြစ်ပါတယ်။

"သူက အယ်လ် နက်ဆာ ဂျာစီနဲ့ ကစားမှာမဟုတ်ပါဘူး။ အဲဒါက အယ်လ် ဟီလာလ်နဲ့ အယ်လ် နက်ဆာအသင်း ၂ သင်း ရောစပ်ထားတဲ့ ဂျာစီဖြစ်ပါလိမ့်မယ်။ အယ်လ် နက်ဆာရဲ့နည်းပြအနေနဲ့ ကျွန်တော် ဒီပွဲစဉ်နဲ့ပတ်သက်ပြီးမပျော်ရွှင်နိုင်ပါဘူး။ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပီအက်စ်ဂျီနဲ့ တွေ့ဆုံရမှာ၊ အရမ်းကောင်းတဲ့ ပီအက်စ်ဂျီကစားသမားတွေနဲ့တွေ့ဆုံရတာက တကယ်တော့ ကောင်းမွန်တဲ့အရာပါ။ ဒါပေမယ့် ကျွန်တော်တို့ ၃ ရက်အကြာမှာ ချန်ပီယံရှစ်ပွဲရှိပါတယ်။ ပွဲချိန်စာရင်းအရပြောရရင် ပိုပြီးကောင်းမွန်အောင် လုပ်သင့်ပါတယ်။ ဒါပေမယ့် အဲဒါက ကြီးကြီးမားမားတော့မဟုတ်ပါဘူး။ ကျွန်တော်တို့က အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ကျွန်တော်တို့ ပျော်ရွှင်နေပါတယ်။ အနိုင်ရရှိဖို့ ခက်ခဲတဲ့ ချန်ပီယံရှစ်ဖြစ်ပေမယ့် ကျွန်တော်တို့ အဲဒါကို အနိုင်ရရှိဖို့ ရည်ရွယ်ထားပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က