တစ်ရာသီလုပ်ခလစာ ယူရိုသန်း ၂၀၀ နဲ့ ကမ္ဘာပေါ်က လစာအမြင့်မားဆုံးဘောလုံးသမားဖြစ်လာတော့မှာ ဖြစ်ပါတယ်။

ပီးယာ့စ် မော်ဂန်ဟာ နောက်ထပ်တစ်ကြိမ် ခရစ္စတီယာနို ရော်နယ်လ်ဒိုဘက်ကနေ ကာကွယ် ပြောဆိုခဲ့ပြီး ပေါ်တူဂီတိုက်စစ်မှူးဟာ ကစားသမားဘဝ အဆုံးသတ်သွားတာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဗြိတိန်ဂျာနယ်လစ်ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့မှုက ဘာမှ မှားယွင်းနေခြင်းမရှိဘူးလို့ ပြောကြားခဲ့ချိန်မှာ တွစ်တာအသုံးပြုသူတစ်ဦးကို တုံ့ပြန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းပြီးနောက်ပိုင်း ဆော်ဒီ အာရေဗျကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး တစ်ရာသီလုပ်ခလစာ ယူရိုသန်း ၂၀၀ နဲ့ ကမ္ဘာပေါ်က လစာအမြင့်မားဆုံးဘောလုံးသမားဖြစ်လာတော့မှာ ဖြစ်ပါတယ်။

မော်ဂန်က ဒီလို လုပ်ခလစာ ရရှိမှုက အသက် ၃၈ နှစ်အရွယ်မှာ မယုံနိုင်စရာ အောင်မြင်မှုဖြစ်တယ်လို့ ယုံကြည်နေတာကြောင့် ဘောလုံးသမိုင်းမှာ အကြီးမားဆုံး အပြောင်းအရွှေ့ သဘောတူညီမှုဖြစ်တယ်လို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။



"နောက်ဆုံးအကြိမ် ကျွန်တော် ကြည့်လိုက်တော့ ခရစ္စတီယာနိုက အသက် ၃၈ နှစ်အရွယ်မှာ ကမ္ဘာပေါ်က လစာအမြင့်မားဆုံး အားကစားသမားဖြစ်လာမယ့် ဘောလုံးသမိုင်းထဲက အကြီးမားဆုံးအပြောင်းအရွှေ့ကို ပြုလုပ်ခဲ့တာပါ။ ကမ္ဘာ့ဖလားမှာ ကမ္ဘာ့ချန်ပီယံအာဂျင်တီးနားကို အနိုင်ယူနိုင်တဲ့ တစ်ခုတည်းသော နိုင်ငံမှာ ကစားနေတာပါ။ ကစားသမားဘဝ ဆုံးသွားပြီဆိုတာ ဒါလား"လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က