အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့ဖို့က ၎င်းရဲ့ အစီအစဉ်ထဲမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ မှတ်ချက်ပေးခဲ့ပြီးနောက် လအနည်းငယ်အကြာမှာ အပြောင်းအရွှေ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အယ်လ် နက်ဆာနည်းပြ ရူဒီ ဂါစီယာဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အသင်းက အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ လီယွန်နယ် မက်ဆီနဲ့ပတ်သက်တဲ့ ဟာသကို ပြောကြားခဲ့ပြီး မလေးမစား ပြုမူခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက်ပိုင်း ဆော်ဒီ အာရေဗျကလပ်အသင်းဖြစ်တဲ့ အယ်လ် နက်ဆာကို အပြီးသတ်ပြောင်းရွှေ့ခဲ့ပြီဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ တစ်နှစ်လုပ်ခလစာ ပေါင် ၁၇၃ သန်းနဲ့ ကမ္ဘာပေါ်က လစာအမြင့်မားဆုံး အားကစားသမားဖြစ်လာတော့မှာဖြစ်ပြီး အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့ဖို့က ၎င်းရဲ့ အစီအစဉ်ထဲမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ မှတ်ချက်ပေးခဲ့ပြီးနောက် လအနည်းငယ်အကြာမှာ အပြောင်းအရွှေ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

ရော်နယ်လ်ဒိုဟာ ဥရောပဘောလုံးလောကကနေ ထွက်ခွာခဲ့ပြီဖြစ်ပေမယ့်လည်း ရော်နယ်လ်ဒိုဟာ ကာလရှည်ပြိုင်ဘက်ဖြစ်တဲ့ မက်ဆီနဲ့ နှိုင်းယှဉ်ပြောဆိုခံရမှုကနေ လွတ်မြောက်ခြင်းမရှိသေးဘဲ ပီအက်စ်ဂျီကြယ်ပွင့်ဟာ ရော်နယ်လ်ဒို ပါဝင်ဖွယ်ရှိတဲ့ အသင်းနဲ့ ခြေစမ်းပွဲမှာ ပါဝင်ကစားသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။ အယ်လ် နက်ဆာနည်းပြ ဂါစီယာက တသက်တာအကောင်းဆုံးကစားသမား ၂ ဦးထဲက တစ်ဦးကို အရင်ခေါ်ယူချင်ခဲ့တဲ့အကြောင်းကို မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပြီး ရိုးမားနည်းပြဟောင်းဟာ ရော်နယ်လ်ဒိုကို ခေါ်ယူမှုနဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ "ပထမဆုံး ကျွန်တော် မက်ဆီကို ခေါ်ဖို့ ကြိုးပမ်းခဲ့တာပါ"လို့ ဟာသဖောက်ခဲ့တာဖြစ်ပါတယ်။

အယ်လ် နက်ဆာနည်းပြက သတင်းစာရှင်းလင်းပွဲမှာ ကိုယ်ပိုင်ပြက်လုံးအတွက် တော်တော်လေး သဘောကျဟန်နဲ့ ရယ်မောခဲ့တာကိုမြင်တွေ့ခဲ့ရပေမယ့်လည်း ကစားသမားသစ် ခရစ္စတီယာနို ရော်နယ်လ်ဒိုအတွက်တော့ မလေးမစားပြုမူခြင်းခံခဲ့ရတယ်လို့ ခံစားရကောင်း ခံစားရမှာဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အိုးထရက်ဖို့ဒ်မှာ နည်းပြ တန်ဟက်ရဲ့ မလေးမစားပြုလုပ်ခြင်းခံနေတယ်လို့ ယုံကြည်ခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်ကစားသမားဘဝကို အဆုံးသတ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နည်းပြသစ်ရဲ့ မရယ်ရတဲ့ပြက်လုံးကြောင့် ဒေါသထွက်စရာ ဖြစ်လာခဲ့ပြန်တာ ဖြစ်ပါတယ်။


ရော်နယ်လ်ဒိုဟာ အယ်လ် နက်ဆာနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်သစ် တစ်စိတ်တပိုင်းအဖြစ် မက်ဆီနဲ့ တစ်သင်းတည်း ကစားသွားရဖို့ရှိနေတာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်နဲ့ အာဂျင်တီးနားကြယ်ပွင့်တို့ဟာ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပဖို့ ကမ်းလှမ်းထားတဲ့ ဆော်ဒီ အာရေဗျနိုင်ငံရဲ့ သံတမန်တွေအဖြစ် ခန့်အပ်ခြင်းခံထားရသူတွေ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က