လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးတဲ့အချိန်ကျရင် အသက် ၄၀ အရွယ် ရှိနေတော့မှာပါ။

အယ်လ် နက်ဆာအသင်းဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ ကစားသမားဘဝ အနားယူတဲ့အချိန်အထိ အသင်းမှာ ဆက်ရှိနေလိမ့်မယ်လို့ မျှော်လင့်နေကြောင်း ESPN သတင်းထောက် ရော့ဘ် ဒေါ်ဆင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် ဆော်ဒီ ပရိုလိဂ်ကလပ်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဘဝအတွင်း စပို့တင်းလစ္စဘွန်း၊ မန်ယူနိုက်တက်(၂ ကြိမ်)၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်အသင်းတို့အတွက် ကိုယ်စားပြုကစားပေးခဲ့သူဖြစ်ပေမယ့်လည်း ပထမဆုံးအကြိမ် ဥရောပကို စွန့်ခွာခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ အယ်လ် နက်ဆာအသင်းနဲ့ ၂ နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ပြီး ရီယက်ဒ်မှာ တစ်နှစ်လုပ်ခလစာ ယူရိုသန်း ၂၀၀ နီးပါး ရရှိသွားမှာ ဖြစ်ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးဟာ လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးတဲ့အချိန်ကျရင် အသက် ၄၀ အရွယ် ရှိနေတော့မှာ ဖြစ်ပေမယ့်လည်း ဆော်ဒီ ပရိုလိဂ်ကလပ်က လက်ရှိစာချုပ်သက်တမ်းထက် ကျော်လွန်ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။


ဘလွန်ဒေါ ၅ ဆုရှင်ဟာ ၎င်းရဲ့ ကစားသမားဘဝနောက်ဆုံးအချိန်မှာ ဘယ်ကလပ်အသင်းအတွက်မှ ကစားပေးတော့မှာမဟုတ်ဘူးဆိုတဲ့ ယုံကြည်မှုတွေလည်း မြင့်တက်လာနေပြီး အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ တနင်္ဂနွေနေ့က အက်တီဖတ်နဲ့ ပွဲမှာ ပွဲဦးထွက်ကစားပေးခဲ့ရာမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း ပရိသတ်တွေကို စိတ်လှုပ်ရှားစေမယ့် စွမ်းဆောင်ရည်အချို့ကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က